နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တုံ့ပြန်လှုပ်ရှားရာတွင် ဝရုန်းသုန်းကားနိုင်သည်ဟု အိုဘားမား ဝေဖန်

မေ  ၁၀၊  ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်၍ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ တုံ့ပြန်လှုပ်ရှားမှုကို သမ္မတဟောင်း အိုဘားမားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ကပ်ရောဂါကြုံရချိန်တွင် အမေရိကန်နိုင်ငံ၏ ကိုင်တွယ်ဖြေရှင်းမှုမှာ ဝရုန်းသုန်းကား ဆန်လွန်းသည်ဟု သီးခြားဗီဒီယိုဖုန်း ခေါ်ဆိုမှုတွင် အိုဘားမားက မှတ်ချက်ပေးခဲ့သည်။
'' အစိုးရအဖွဲ့က အကောင်းဆုံးလုပ်ရင်တောင် အခြေအနေကတော့ ဆိုးမှာပါပဲ။ "ငါ့အတွက် ဘာကျန်မလဲ''၊ ''ဘယ်သူသေသေ ငတေမာရင်ပြီးရော" ဆိုတဲ့ စိတ်ထားမျိုးရှိတော့ တကယ့်ကို ဝရုန်းသုန်းကားဖြစ်ခဲ့တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့မှာ အဲဒီစိတ်ထားမျိုး ရှိနေတယ်''ဟု အိုဘားမားက ပြောသည်။

သို့သော် သမ္မတဒေါ်နယ်ထရမ့်၏ ပြိုင်စံရှားသည့် လုပ်ဆောင်မှုများကြောင့် အမေရိကန်နိုင်ငံသားများ၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း အိမ်ဖြူတော်က တုံ့ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းရှိနေပြီး သေဆုံးသူ ၇၇၀၀၀ ကျော်ရှိသည်။ ပြီးခဲ့သည့်မတ်လတွင် ပြည်နယ် အများအပြားက ပိတ်ဆို့မှုလုပ်ခဲ့သော်လည်း ယခုအခါတွင် ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့ပြီး လူများကို လုပ်ငန်းခွင်သို့ ဝင်ခွင့်ပေးခဲ့သည်။
အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဟောင်း မိုက်ကယ်ဖလင်းကို ပြစ်မှုစွဲချက်များ ရုပ်သိမ်းပေးခဲ့သည့် ဆုံးဖြတ်ချက်ကိုလည်း အိုဘားမားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။        

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ