ဝါရှင်တန် ဇန်နဝါရီ ၁၃
ရီပတ်ဗလစ်ကန်ပါတီဝင် အမတ်အချို့က အများစု၏သဘောထားကို ဆန့်ကျင်လျက်ရှိရာ သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးမှ ဖြုတ်ချလိုသည့် ဒီမိုကရက်တစ်ပါတီဝင်များ၏ ကြိုးပမ်းမှု ပိုမိုအားကောင်းလာခဲ့ သည်။ အောက်လွှတ်တော်၏ တတိယရာထူးအကြီးဆုံး ရီပတ်ဗလစ်ကန် လွှတ်တော်အမတ် လစ်ရှေနီက အမေရိကန်လွှတ်တော် ဝင်ရောက်စီးနင်းခံရမှုနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရန် ထောက်ခံမဲ ပေးမည်ဟု ဆိုသည်။
ယင်းကို အားပေးထောက်ခံသူများက လွှတ်တော်အဆောက်အအုံအတွင်း စီးနင်းဝင်ရောက်မှုအတွက် အစောပိုင်းတွင် ဒေါ်နယ်ထရမ့်က တာဝန်ယူခဲ့ခြင်းမရှိပေ။ ဆူပူအုံကြွရန် လှုံ့ဆော်သည်ဟုဆိုကာ အောက်လွှတ်တော်က ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရေးအတွက် မဲခွဲဆုံးဖြတ်ရန် စီစဉ်နေသည်။ စွဲချက်တင်ခံ ရမည်ဆိုပါက ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန်သမ္မတများအနက် ၂ ကြိမ်တိုင်တိုင် စွဲချက်တင်ခံရသည့် ပထမဆုံးသမ္မတဖြစ်လာမည်။
လစ်ရှေနီမှာ ဒုတိယသမ္မတဟောင်း ဒစ်ရှေနီ၏သမီးဖြစ်သည်။ ယင်းကဲ့သို့ ထောက်ခံမဲပေးခြင်းမှာ သမ္မတနစ်ဆင်နောက်ပိုင်း သမ္မတတစ်ဦးကို ယင်း၏ပါတီခေါင်းဆောင်တစ်ဦးက စွဲချက်တင်ရန် ပထမဆုံး ထောက်ခံမဲပေးမှုဖြစ်လာလိမ့်မည်။ အခြားရီပတ်ဗလစ်ကန်ပါတီဝင် နှစ်ဦးဖြစ်သည့် ဂျွန်ကက်ကိုနှင့် အဒမ်ကင်ဆင်းဂျားတို့ကလည်း စွဲချက်တင်ရန် ထောက်ခံမဲပေးသွားမည်ဟု ဆိုသည်။ (KNT)