ပါရီ ဇန်နဝါရီ ၁၃
ပါရီမြို့ရှိ နာမည်ကျော်ကျောင်းတွင် ပညာသင်ကြားနေသည့် ဆီနီဂေါကျောင်းသူ ပျောက်ဆုံးနေမှုကြောင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ ဒိုင်ယာရီဆောမှာ ခရစ္စမတ်အားလပ်ရက်ပြီးနောက် ကျောင်းသို့ ပြန်ရောက်လာခြင်းမရှိ၍ ဆီနီဂေါနှင့် ပြင်သစ်နိုင်ငံတွင် စိုးရိမ်ပူပန်လျက်ရှိကြသည်။
ဆီနီဂေါနိုင်ငံ၏ အတော်ဆုံးကျောင်းသူဟု သတ်မှတ်သည့် ဒိုင်ယာရီဆောမှာ အမျိုးသားအဆင့် ပညာရေးထူးချွန်ဆုအများအပြားဆွတ်ခူးခဲ့ပြီး ယင်း၏ ပထမဆုံးဝတ္တုစာအုပ်ကို ပြီးခဲ့သည့်နှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည်။ အသက် ၂၀ အရွယ်ရှိသည့် ဒိုင်ယာရီဆောကို ဇန်နဝါရီလ ၄ ရက်နောက်ပိုင်း မြင်တွေ့ရခြင်းမရှိတော့ပေ။ ပြင်သစ်နိုင်ငံသို့ရောက်ရှိနေသည့် ဆီနီဂေါနိုင်ငံသားများက ယင်းကိုရှာဖွေရန် လူမှုကွန်ရက်တွင် လှုပ်ရှားလျက်ရှိသည်။
သရုပ်ဆောင်မင်းသား အိုမာဆေးအပါအဝင် ပြင်သစ်နိုင်ငံ၏ ထင်ပေါ်ကျော်ကြားသူအများအပြားက ဒိုင်ယာရီဆောကိုတွေ့ရှိပါက အကြောင်းကြားပေးရန် အင်စတာဂရမ်နှင့် တွစ်တာလူမှုကွန်ရက်တွင်အကူအညီ တောင်းခံထားသည်။ (KNT)