နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Honor MagicBook Pro 2021 ကိုကြေညာ

ရန်ကုန်  ဇန်နဝါရီ   ၁၃


Honor က Huawei လက်အောက်မှထွက်ခွာကာ လွတ်လပ်သည့်အမှတ်တံဆိပ်အဖြစ် ရပ်တည်လာ ပြီးနောက် ပထမဆုံးသောလက်တော့ပ်ဖြစ်သည့် Honor MagicBook Pro 2021 ကို ကြေညာလာသည်။ အဆိုပါလက်တော့ပ်သစ်မှာ ၁၆ ဒသမ ၁ လက်မ Full HD ရုပ်ထွက်သုံးထားပြီး 100% sRGB Coverage ထောက်ပံ့ထားသည်။ 16GB RAM နှင့် 512GB NVMe Storage ပါဝင်ပြီးဗီဒီယိုဖုန်းခေါ်ဆိုမှုအတွက် Pop-Up Webcam ပါဝင်သည်။ USB-A ပေါက်သုံးခု၊ USB Type C ပေါက်တစ်ခု၊ HDMI ပေါက်တစ်ခုအပြင် နားကြပ်ပေါက်တစ်ခုလည်းပါဝင်သည်။ ယခင် Honor လက်တော့ပ်များမှာ AMD Ryzen 5 4600H Processor သုံးထားသော်လည်း မော်ဒယ်သစ်မှာ Intel သုံးထားပြီး Intel Core i5 10210U နှင့် NVIDIA MX350 GPU သုံးထားသည်။

လက်ဗွေရာစနစ်ကို ပါဝါခလုတ်မှာထည့်သွင်းထားပြီး ဘက်ထရီ 56 WHr ပါဝင်ကာ ၁၁ နာရီခွဲအထိ အသုံးပြုနိုင်မည်ဟုဆိုထားသည်။ လက်တော့ပ်ဘူးအတွင်းမှာ 65W Charger ထည့်သွင်းပေးထားသည်။ အဆိုပါ လက်တော့ပ်ကို ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားကြောင်းသိရသည်။                   (သူရိန်)






အခြားဆက်စပ်သတင်းများ