နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိတ်ဖိစီးမှု ဖြေလျှော့နည်း

ဇန်နဝါရီ ၁၃

 နေ့စဉ် လှုပ်ရှားရုန်းကန်နေရသော လူ့လောကကြီးထဲမှာ ဘ၀အမောတွေနှင့်အတူ စိတ်ဖိစီးမှုဒဏ်(stress) တွေ ၀င်ရောက်လာသည်။ လူတစ်ဦးနှင့်တစ်ဦး ဘဝနေထိုင် ဖြတ်သန်းပုံချင်း မတူညီကြသော်လည်း၊ တူညီခြင်းတစ်ခု ကတော့ ကိုယ့်အတိုင်းအတာနှင့်ကိုယ်စိတ်ဖိစီးက အနည်းနှင့်အများ ကိုယ်စီရှိနေကြသည်။ စိတ်ဖိစီးမှုဒဏ် (stress) ကနေ၊  တဖြည်းဖြည်း နှင့် စိတ်ကျရောဂါ  (depression) ၀င်ရောက်လာသည်မျိုး ကြုံရတတ်သည်။ depression မှနေ၊ လူ့အသိုင်းအဝိုင်း ပြဿနာ (social problems) များ ကြုံတွေ့ရနိုင်သည်။ ထို့ပြင် နာတာရှည် အိပ်ရေးပျက်လာပြီး နောက် သွေးတိုး၊ နှလုံး၊  ဆီးချို နှင့် အခြားသောရောဂါများလည်း ဖြစ်ပွားလာနိုင်သည်။ ထို့ ကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် အကောင်းမြင်စိတ်မွေးမြူပါ။ လူ၊ သတ္တဝါ အားလုံးအပေါ် ကောင်းသော မေတ္တာစိတ်ဖြင့် ကြည့်ရှုပါ။ သည်းခံခွင့်လွှတ်တတ်ပါစေ။ တစ်နေ့တာလုံးကို အနည်းဆုံးငါးပါးသီလဖြင့် ဖြတ်သန်းပါ။ စွန့်လွှတ်သင့်သည့် ကိစ္စများ အတွက် ဖက်တွယ်မထားပါနှင့်။ စိတ်ကိုရှင်းရှင်းထား၍ ရဲရဲဆုံးဖြတ်ပါ။ အားမနာသင့်သည့် ကိစ္စများအတွက်၊ ကြိတ်မှိတ် အားနာပေးရလိုက်ရသော အဖြစ်မျိုးကို မဖြစ်ပါစေနှင့်။

ပွင့်လင်းမှုရှိပါ၊ နောင်တ တဖန်ပူပန်ရသော လုပ်ရပ်မျိုးကို အစကတည်းက မလုပ်မိပါစေနှင့်။ အိပ်ရေး၀၀ အိပ်ပါ။ ဗီတာမင်ပြည့်မှီသော အစားအသောက်မျိုးကို ရွေးချယ်စားသုံးတတ်ပါစေ။ မူးယစ်၊ အရက်၊ ဆေးလိပ်၊  ဆေးရွက် ကြီး ရှောင်ပါ။ အချိန်ပေး၍ ကိုယ်ကာယ လေ့ကျင့်ခန်း မလုပ်နိုင်သော်လည်း၊  နေ့စဉ် လှုပ်ရှားမှုတိုင်းကို လေ့ကျင့်ခန်း ဆန်ဆန် သွက်လက် ပြုမူနေထိုင်ပါ။ စာကောင်းပေမွန် ဖတ်ရှုလေ့လာ မှတ်သားနာယူပါ။ မိတ်ကောင်းဆွေကောင်း အဖော်မွန် တစ်ယောက် ရှိနေပါစေ။

facebook,  internet အွန်လိုင်း လူမှုကွန်ရက်ပေါ်နှင့် အွန်လိုင်း game တို့တွင် အကျိုးမဲ့ အချိန်ဖြုန်းတီးမှု မပြုပါနှင့်။ အောက်စီဂျင်ကြွယ်၀သည့် လေသန့်၀၀ရှု၍၊  သန့်ရှင်းသောရေ တစ်နေ့ ၈ ဖန်ခွက်ထက်မနည်းသောက် ပါ။ အသုံးနှင့်အဖြုန်းကို စည်းတစ်ခုသတ်မှတ်ပါ။ အကြွေးပူ ကင်းပါစေ။ မိမိကိုးကွယ်ရာ ဘာသာအပေါ်ယုံကြည် သက်၀င်မှုရှိပြီး၊ ကျင့်ကြံကြိုးကုတ်အားထုတ်ပါ။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ