နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယနေ့ကျန်းမာရေးသတင်းများ ဗက်တီးရီးယားကဆီးချိုရောဂါကုသရာမှာကူညီပေး

ဇန်နဝါရီ ၁၃    

ယခုအခါ လေ့လာမှုတစ်ခုအရ ဆီးချိုအမျိုးစား(၂)ရောဂါကို အစာအိမ်၊ အူလမ်းကြောင်းအကျိုးပြု ဗက်တီးရီးယား တို့ကတိုက်ထုတ်ပေးနိုင်တယ်လို့ဆိုတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆီးချိုအမျိုးအစား(၂)လူနာ(၃၄) သန်း(သို့)ဆီးချိုရောဂါရှင်ရဲ့ ၉၀ရာခိုင်နှုန်းရှိနေပါ
တယ်။ဆီးချိုအမျိုးအစား(၂)ရောဂါဟာ၊အင်ဆူလင်အလုံအလောက်မထွက်နိုင်လို့ပြင်ပမှသွေးအတွင်းရှိသကြားဓာတ်ကိုပိုမစုပ်ယူမိအောင်ဆေးဝါးအကူညီနဲ့ထိန်းညှိပေးနိုင်တာ၊ ဆီးချိုမထိန်းသိမ်းနိုင်ပါက ကိုယ်တွင်းအင်္ဂါများပျက်စီးစေနိုင်ပါတယ်။

အနောက်တိုင်းအစာမှာ ပြည့်ဝဆီ (Saturated Fat) အချိုကဲကဲ (Sugars) အစာတို့ကဆီးချိုအမျိုးစား(၂)ရောဂါ ကိုပိုမိုများပြားစေပါတယ်။ ယခုသုတေသီတို့တွေ့ရှိထားတဲ့ အစာအိမ်အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယားကလူတို့စားသုံးတဲ့အစားအစာနဲ့၊ ဆီးချိုအမျိုးစား(၂)တို့အကြားပါဝင်ပတ်သက်နေတယ်ဆိုတယ်။

အစာအိမ်အူလမ်းကြောင်းမှာ လူကိုအကျိုးပြုစေတဲ့ဘက်တီးရီးယားရာပေါင်းများစွာရှိနေပြီး၊ ဘက်တီးရီးယား မညီမမျှဖြစ်လာရင်ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာစေတယ်ဆိုပါတယ် ၂၀၁၉ ခုနှစ်လေ့လာမှုမှာအစာအိမ်အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယားအချို့က ဆီးချိုအမျိုးစား (၂) ရောဂါမပေါ်ပေါက်လာအောင်ဖြန့်ဝေပေးတယ်ဆို တယ်။ တွေ့ရှိမှုစာတမ်းကို"သဘာဝဆက်သွယ်ခြင်း"(Nature Communications)ဂျာနယ်မှာပုံနှိပ်ဖော်ပြထားပါတယ်။

ဩစတြီးယားနိုင်ငံဗီယင်နာမြို့ တက္ကသိုလ်နဲ့အမေရိကန်အိုရီဂွန် (Oregon)ပြည်နယ်တက္ကသိုလ်အမျိုးသား ကျန်းမာရေးနှင့် အမျိုးသားကင်ဆာအင်စတီကျူးတို့မှသု‌တေသီများတွေ့ရှိထားရာအစာအိမ်အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယားရဲ့သော့ချက်တစ်ခုဖော်ထုတ်နိုင်ခဲ့တာပဲဖြစ်တယ်။

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ