ရန်ကုန် ဇွန် ၁၂
မြန်မာနိုင်ငံတွင် သဘာဝဘေးဖြစ်စဉ် ရင်ဆိုင်ကြုံတွေ့ကြရာတွင် မြန်မာနိုင်ငံ၏သဘာဝဘေး အတွေ့အကြုံ အရင်းအမြစ်နှင့်ဓနအင်အားပေါ်မူတည်၍ ရင်ဆိုင်ဖြေရှင်းခဲ့ကြသည်။ လူသည်ရံဖန်ရံခါ အခက် အခဲအကျပ်အတည်းများနှင့်ကြုံတွေ့ရတတ်ပေသည်။ မည်သို့သော အခက်အခဲအကျပ်အတည်းရှိစေကာမူ စိတ်ပျက်ခြင်း၊ အားလျှော့ခြင်း၊ ကြောက်ရွံ့နောက်ဆုတ်ခြင်းများဖြင့် ဘဝကိုအရှုံးမပေးသင့်ပါ။ စိတ်ပျက် အားလျှော့ခြင်းသည် ဘဝကိုကျဆုံးစေခြင်း လမ်းစပင်ဖြစ်သည်။ မည်သို့သော အခက်အခဲအကျပ်အတည်း ရောက်ရှိစေကာမူ ရည်မှန်းချက်ပန်းတိုင်အရောက်လှမ်းနိုင်ရန် အရေးကြီးပေသည်။ သွားလိုသော ခရီးဖြစ် စေချင်သော ဆန္ဒ၊ မျှော်မှန်းသော ပန်းတိုင်သို့အရောက်လှမ်းနိုင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ နိစ္စဓူဝ လုပ်ကိုင်သော လုပ်ငန်းအဖြာဖြာတွင် တက်ညီလက်ညီလုပ်ကိုင်ကြရမည်ဖြစ်သည်။ တချို့က အားထုတ် ဆောင်ရွက်သည်။ ကျန်လူများက မလုပ်ပါလျှင် မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းသည် အချိန်မီပြီးမြောက် နိုင်စွမ်းမရှိသကဲ့သို့ ရည်မှန်းချက်ပန်းတိုင်လည်း ရောက်ရှိရန်ခက်ခဲပေသည်။ တက်ညီလက်ညီစိတ်ထားဖြင့် လုပ်ကိုင်ဆောင်ရွက်ပါမှ အောင်မြင်တိုးတက်နိုင်သည်။ ဦးနေရာဦး၊ ပဲ့နေရာပဲ့ကိုယ်စီကျရာ တာဝန်ဖြင့် အားထုတ်ဆောင်ရွက်ပါမှ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်နိုင်သည်။
covid-19 ထိခိုက်မှုဒဏ်ကို သက်သာစေဖို့အတွက် covid-19 ထိခိုက်မှုသက်သာရေး စီမံချက် (CERP) ကိုရေးဆွဲခဲ့ပြီး အဲဒီစီမံချက်မှာပါတဲ့ ကာလတိုလုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ယခုအချိန်မှာ covid-19 ထိခိုက်မှုဒဏ်ကိုသက်သာစေဖို့ အပြင် တစ်ဆင့် ရိုက်ခတ်မှုဒဏ်ကိုခံစားလာရတဲ့ မြန်မာ့စီးပွားရေးကို ပြန်လည်နိုးထလာစေဖို့ ပြည့်စုံ ကျယ်ပြန့်တဲ့ မူဝါဒများချမှတ်အကောင်အထည်ဖော်ဖို့လိုအပ်လာပါတယ်။ အဲ့ဒါကြောင့် မြန်မာ့စီးပွားရေး ထိခိုက်မှုကို တွန်းလှန် လွတ်မြောက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) မူကြမ်းကို ရေးဆွဲ ထားပြီးဖြစ်ပါတယ်။ အဲဒီ စီမံချက်မှာပါတဲ့ ကာလလတ်လုပ်ငန်းစဉ်များအနက် အမြန်ဆုံးသိသာနိုင်တဲ့ လုပ်ငန်းစဉ်များကို ရွေးချယ်ပြီး အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ (MERRP) ဟာ စီးပွားရေးကဏ္ဍကို ပိုမို ဇောင်းပေးထားပြီး အဲဒီစီမံချက်မှာပါတဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံ င ရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံချက်ပါရည်မှန်းချက်များကို အကောင်အထည်ဖော် နိုင်မှာဖြစ်ပါတယ်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီ ၁ ရက် ၂၀၂၁ ခုနစ် နှစ်သစ်ကူးနေ့ အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကျွန်ုတို့အနေဖြင့် မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ၊ တက်ညီ၊ လက်ညီ ကြိုးစားအားထုတ်လုပ်ကိုင် ကြမည့်ဆိုလျှင် မိမိတို့မျှော်မှန်းထားသောလုပ်ငန်းစဉ်များ အောင်မြင်ချောမွေ့လာမည်ဟု ဆိုချင်ပါကြောင်း။ ။