ရန်ကုန် ဇန်နဝါရီ ၁၂
တီဗီတစ်လုံးရှိရုံဖြင့် တနေကုန် စိတ်ပင်ပန်း၊ လူပင်ပန်းခြင်းများကို အဆိုပါ တီဗီမှ ဖျော်ဖြေရေးဆိုင်ရာ အစီအစဉ်များစွာကို ကြည့်ရှုခံစားပြီး စိတ်အပန်းဖြေလေ့ရှိကြသည်။ ထို့ကြောင့် နည်းပညာဆိုင်ရာ တိုးတက် ပြောင်းလဲလာချိန်တွင်လည်း ရိုးရိုး TV အသုံးပြုခြင်းထက် စမတ်တီဗီကို အိမ်တိုင်းနီးပါး ဝယ်ယူအသုံးပြု လာကြသည်။ စမတ်တီဗီမဟုတ်သည့် ရိုးရိုးတီဗီများတွင်လည်း အသုံးပြုနိုင်စေရန် Xiaomi က ရည်ရွယ်ပြီး ထုတ်လုပ်ပေးထားသည့် အမျိုးအစားက Xiaomi Mi TV Stick ဖြစ်သည်။ Netflix က ရုပ်ရှင်များကြည့်ရှုခြင်း၊ YouTube မှ Learning ပြုလုပ်ခြင်း၊ MTV များကြည့်ရှုခြင်း၊ HBO၊ Disney Channel များအပြင် အခြား နာမည်ကြီးလိုင်းများကိုလည်း ကောင်းစွာကြည့်ရှုနိုင်မည့်အပြင် Screen Mirroring လည်းပါဝင်သောကြောင့် မိမိဖုန်းက Display များကို TV ဖြင့် ချိတ်ဆက်ကြည့်ရှုလိုသူများအတွက် အဆင်ပြေစေမည့် အမျိုးအစားတစ်ခု ဖြစ်သည်။ HDMI အပေါက်ပါဝင်သည့်အတွက်ကြောင့် မည်သည့် TV ဖြင့်မဆို Mi TV Stick ကို အသုံးပြုနိုင် မည်ဖြစ်ပြီး Stick လေးကို TV ၏ HDMI အပေါက်တွင်ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ Mi TV Stick ကို ဈေးနှုန်းအနေဖြင့် မြန်မာငွေ ၅၅၀၀၀ ကျပ်သာကျသင့်မည်ဖြစ်ပြီး ကြည့်ရှုသူကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်မည်ဖြစ်သည်။ အဆိုပါ Mi TV Stick တွင် Output Resolution - 1080P (1920x1080@60fps) ပါဝင်ပြီး RAM - 1GB၊ CPU -Quad-core Cortex-A53၊ Storage - 8GB၊ GPU - ARM Mali-450၊ Operating System - Android 9.0 ဖြင့် ထုတ်လုပ်ပေးထားသည်။ အဆိုပါ Mi TV Stick ကို ဝယ်ယူလိုသူများအနေဖြင့် ဖော်ပြပါလင့်ခ် https://bit.ly/3opUUxn တွင် ဝင်ရောက်ပြီး ရွေးချယ်ဝယ်ယူနိုင်ပြီ ဖြစ်သည်။
(WP)