နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Sony က ကြိုးမဲ့စပီကာနှစ်မျိုးကို ကြေညာ

ရန်ကုန်  ဇန်နဝါရီ   ၁၂


Sony က ကြိုးမဲ့ စပီကာနှစ်မျိုးဖြစ်သည့် SRS-RA5000 နှင့် SRS-RA3000 တို့ကိုကြေညာလာပြီး အဆိုပါစပီကာနှစ်မျိုးလုံးမှာ တူညီသည့်ဒီဇိုင်းသုံးထားပြီး Indoor မှာကောင်းမွန်သည့်အသံ ခံစားနိုင်အောင် လုပ်ဆောင်ထားကာ 360 Reality Audio စနစ်ပါဝင်သည်။

RA5000 က ဈေးနှုန်းပိုမြင့်မားပြီး စပီကာခုနစ်လုံးအထိပါဝင်ပြီး ၃၆၀ ဒီဂရီအသံအရည်အသွေးမြင့်မားစွာ နားထောင်နိုင်ရန် လုပ်ဆောင်ထားသည်။ သေးငယ်ပြီးဈေးနှုန်းသက်သာသည့် RA3000 မှာ စပီကာသုံးလုံး ပါဝင်သည်။ သို့သော် RA3000 က အကြမ်းပတမ်းအသုံးခံနိုင်အောင် လုပ်ဆောင်ထားပြီး RA5000 ကတော့ RA3000 ကဲ့သို့ အကြမ်းပတမ်းမခံနိုင်ပေ။ထို့အပြင် RA3000 မှာ ၃၆၀ ဒီဂရီအသံကိုအလိုအလျောက် လုပ်ဆောင် ပေးမည်ဖြစ်သည်။ စပီကာနှစ်မျိုးလုံးမှာBluetooth နှင့် Wi-Fi ပါဝင်ကာ Spotify မှာသီချင်းဖွင့်နိုင်ပြီး Amazon Alexaနှင့် Google Assistant ထောက်ပံ့ထားသည်။ RA5000 ကို ယူရို၅၉၉ နှင့် RA3000 ကို ယူရို ၃၅၉ သတ်မှတ်ထားပြီး ဥရောပနှင့် ဗြိတိန်ဈေးကွက်တို့၌ ဖေဖော်ဝါရီလတွင် စတင်ရောင်းချသွားမည်ဖြစ် ကြောင်းသိရသည်။                                                                                                                     

 (သူရိန်)






အခြားဆက်စပ်သတင်းများ