နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တပ်ကုန်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိ

မတ် ၃၀ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၂၅၉/၀-၁)ကြား၌ အောင်ကိုမြင့်(၃၄)နှစ်မောင်းနှင်ပြီး သက်နိုင်ဦး(ခ)ထော်ကြီး (၃၇)နှစ်လိုက်ပါလာသည့် SHN 6J/---- Nissan ၆ ဘီးယာဉ်သည် လားရာတူရှေ့မှ ဘေးတွဲဆိုင်ကယ် တစ်စီးအားကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ရဲလစ်ထွန်း(၂၉)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် စည်သူအောင်(၃၆)နှစ် လိုက်ပါလာသည့် MDY 6P/---- ၂၂ ဘီး ဆီဘောက်ဆာယာဉ်အား တိုက်မိခဲ့ရာ အောင်ကိုမြင့်နှင့် သက်နိုင်ဦး(ခ)ထော်ကြီးတို့တွင် ဝဲ/ယာရင်ဘတ်/ပါး/ပေါင် ပေါက်ပြဲဖူးရောင်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် စည်သူအောင်တွင် ဝဲချိုစောင်း/နဖူးပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်တွင် အောင်ကိုမြင့်နှင့် သက်နိုင်ဦး(ခ)ထော်ကြီးတို့ ၂ ဦးသည် တပ်ကုန်းပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့သည်။ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ညနေ ၃ နာရီ ၄၀ မိနစ်တွင် အောင်ကိုမြင့်(သေဆုံး)အား တပ်ကုန်း မြို့မရဲစခန်း၊ ယာဉ်(ပ)၁၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ