နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညောင်ရွှေမြို့နယ်၌ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

ညောင်ရွှေ မေ ၉

 မေ ၈ ရက်၊ နေ့လယ် ၃ နာရီအချိန်အချိန် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီး(အရှေ့) ကျေးရွာအနီး တုံဟုံး-ပင်လောင်းကားလမ်းမိုင်တိုင်(၄၂/၅)၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တုံဟုံးမြို့ဘက်မှ ပင်လောင်းမြို့ဘက်သို့ ခမ်းထီ(ခ) ကုလား(၃၃)နှစ်မောင်းနှင်လာသည့် 2L/----- Honda CRV ယာဉ်အား စစ်ဆေးရန်တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာအနီးအရောက်၌ မော်တော်ယာဉ်မှာ တိမ်းမှောက်သွားပြီး ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ အဆိုပါမော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့သဖြင့် ညနေ ၅ နာရီအချိန် ခမ်းထီ(ခ)ကုလားအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ