နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သေဆုံးပြီး သောင်တင်နေသည့် ငါးများကို မစားကြရန် ယူဂန်ဒါနိုင်ငံတွင် သတိပေးချက် ထုတ်ပြန်

 ကမ်ပါလာ  ဇန်နဝါရီ  ၁၂


ယူဂန်ဒါနိုင်ငံမှ အာဏာပိုင်များက အာဖရိက၏ အကြီးမားဆုံး ရေချိုရေလှောင်တမံဖြစ်သည့် ဗစ်တိုးရီးယားရေကန်တွင် ငါးအများအပြား သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ အများပြည်သူများအနေဖြင့် ငါးအသေများကို မစားကြဘဲ မြှုပ်နှံကြရန် ငါးလုပ်ငန်းဝန်ကြီးဌာနက သတိပေးထားသည်။ 


လူမှုကွန်ရက်ပေါ်တွင် ဒေသခံများ တင်ထားသည့် ဓာတ်ပုံများအရ ဗစ်တိုးရီးယားရေကန်၊ ကျိုဂါရေကန်နှင့် နိုင်းမြစ်တို့တွင် ငါးအသေကောင် ဒါဇင်ပေါင်းများစွာ သောင်တင်နေကြောင်း တွေ့ရသည်။ အောက်ဆီဂျင်ပမာဏ ကျဆင်းသွားခြင်းကြောင့် ငါးများသေဆုံးရခြင်းဖြစ်နိုင်သည်ဟု အရာရှိများက ပြောသည်။


''ကနဦးစုံစမ်းစစ်ဆေးမှုတွေအရတော့ အဆိပ်မိတာမဟုတ်ပါဘူး။ မကြာသေးခင်က ရေကန်တွေမှာ မုန်တိုင်းတိုက်ခတ်ခဲ့ပြီး ရေတွေ ရောသွားလို့ ရေကန်ထဲမှာ အောက်ဆီဂျင်ပမာဏကျဆင်းသွားတာလို့ ယူဆရပါတယ်'' ဟု ယူဂန်ဒါနိုင်ငံ ငါးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။                            


 (KNT)






အခြားဆက်စပ်သတင်းများ