နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမရပူရမြို့နယ်၌ ဘိန်းဖြူများ သိမ်းဆည်းရမိ

အမရပူရ မေ ၉

 မေ ၈ ရက်၊ ညနေ ၄ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအနီး စစ်ကိုင်း-မန္တလေးကားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မျိုးနိုင်(ခ)မိုးဦး(၂၃)နှစ်မောင်းနှင်ပြီး ငြိမ်းချမ်းအောင်(၃၄)နှစ်လိုက်ပါလာသည့် 7F/-----Hyundai Porter Pickup ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ထိုင်ခုံပေါ်မှ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ဘိန်းဖြူဆပ်ပြာခွက် ၇၁ ခွက် ၀ ဒသမ ၇၁ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါ ဖမ်းဆီးရမိသူ မျိုးနိုင်(ခ)မိုးဦးနှင့် ငြိမ်းချမ်းအောင်တို့ ၂ ဦး အား မေ ၈ ရက်၊ ည  ၉ နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ