နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန် အမေရိကန်အစိုးရ စီစဉ်

ဝါရှင်တန်  ဇန်နဝါရီ  ၁၂


ယီမင်နိုင်ငံ၏ ထောက်ပံ့ရေး လှုပ်ရှားမှုများကို ခြိမ်းခြောက်ရာ ရောက်နိုင်သည်ဟု သတိပေးထားသော် လည်း အမေရိကန်နိုင်ငံက ယီမင်နိုင်ငံ၏ ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် စီစဉ်လျက်ရှိသည်။


အရပ်သားများ၊ အခြေခံအဆောက်အအုံများနှင့် ကုန်စည်ပို့ဆောင်မှုများကို ခြိမ်းခြောက်နေသည့် နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှုများအတွက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ဒဏ်ခတ်ရန် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။ ထို့အပြင် ဟူသီလက်နက်ကိုင်အဖွဲ့ကို ပံ့ပိုးပေးနေ သည့် အီရန်နိုင်ငံ၏ ထိခိုက်စေနိုင်သော လှုပ်ရှားမှုများကိုလည်း တားဆီးစေနိုင်လိမ့်မည်ဟု ယင်းက ဆိုသည်။


သို့သော် အဆိုပါလုပ်ရပ်ကြောင့် ယင်းတို့အနေဖြင့် အငတ်ဘေး ကြုံလုဆဲဆဲဖြစ်နေသူ သန်းပေါင်းများစွာ ရှိသည့် ဒေသများတွင် လှုပ်ရှားခွင့် တားဆီးခံရနိုင်သည်ဟု ထောက်ပံ့ရေးအဖွဲ့အစည်းများက ပြောသည်။      


''ဒါက သံတမန်ရေးရာ အဖျက်အမှောင့်လုပ်ရပ်ပါပဲ'' ဟု နိုင်ငံတကာကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဒေးဗစ် မီလီဘန်းက ပြောသည်။ ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန် အစိုးရမှာ အကြမ်းဖက်ဝါဒ ကျင့်သုံးနေသည်ဟု စွပ်စွဲခဲ့ပြီး ယင်းတို့အဖွဲ့အပေါ် မည်သည့်သတ်မှတ်မှုမျိုးလုပ်သည်ဖြစ်စေ တုံ့ပြန်ခွင့်ရှိသည်ဟု ဆိုသည်။


၂၀၁၅ ခုနှစ်တွင် ဟူသီလက်နက်ကိုင်အဖွဲ့က ယီမင်နိုင်ငံ အနောက်ပိုင်းဒေသများကို သိမ်းပိုက်ခဲ့ပြီး ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က သမ္မတမန်ဆော်ဟာဒီကို ပြန်လည်တင်မြှောက်ရန် စစ်ပွဲဆင်နွှဲခဲ့ရာ ယီမင် နိုင်ငံ အထိနာခဲ့ရသည်။                                                                                                         


(KNT)






အခြားဆက်စပ်သတင်းများ