နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယားအကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး ထွက်ပြေးလွတ်မြောက်

ဝါရှင်တန်  ဇန်နဝါရီ  ၁၂


ပြီးခဲ့သည့်အားလပ်ရက်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအကျဉ်းထောင်၌  ထောင်အတွင်း ကြိုးတစ်ချောင်းဖန်တီးပြီး အကျဉ်းသား ၆ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ စုံစမ်းစစ်ဆေးသူ ဒါဇင်ပေါင်းများစွာက ဒေသတစ်ဝိုက်တွင် ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိသည်။


ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများကို လက်နက်ကိုင်ဆောင်ထားသည့် အန္တရာယ်ရှိသူများအဖြစ် သဘောထားကြရန် တရားဥပဒေစိုးမိုးရေးအရာရှိများက ပြည်သူလူထုကို သတိပေးထားသည်။ ထွက်ပြေးလွတ်မြောက်သွားသူ ၆ ဦးအနက် တစ်ဦးမှာ လူသတ်မှုစွဲချက်ဖြင့် ထိန်းသိမ်းခံထားရသူဖြစ်သည်။


ပြီးခဲ့သည့် စနေနေ့ညပိုင်းက ထောင်ဖောက်ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု မာဆက်ကောင်တီ တရားဥပဒေ စိုးမိုးရေးအရာရှိ ဝမ်ကီက ပြောသည်။ အကျဉ်းသားများက အကျဉ်းထောင်ခေါင်မိုးပေါ်တက်ပြီး အဝတ်ကြိုး များကို အသုံးပြု၍ လွတ်မြောက်သွားခြင်းဟု ယူဆထားသည်။ သို့သော် အကျဉ်းသားများ ပျောက်ဆုံးနေ ခြင်းကို နောက်နေ့ နံနက်ပိုင်းမှသာ အစောင့်အကြပ်များ သိရှိခဲ့ခြင်းဖြစ်သည်။                                


(KNT)






အခြားဆက်စပ်သတင်းများ