နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 6000 mAhပါဝင်သည့် Redmi 9T ကိုကြေညာ

 ဇန်နဝါရီ ၁၁


Xiaomi က နိုင်ငံတကာဈေးကွက်မှာ Redmi Note 9T 5G နှင့်အတူRedmi 9T ကို ကြေညာလာပြီး အဆိုပါ စမတ်ဖုန်းမှာမျက်နှာပြင် ၆ ဒသမ ၅၃လက်မ IPS LCD 1080p ရုပ်ထွက်သုံးထားပြီး အဓိကကင်မရာ 48MP သုံးထားသည်။

အဆိုပါဖုန်းမှာ 8MP Ultrawide အပြင် 2MP Macro နှင့် 2MP Depth တို့လည်းပါဝင်ပြီး ရှေ့ကင်မရာက 8MP ဖြစ်သည်။ Redmi 9T ကို Snapdragon 662 SoC နှင့် ပါဝါထောက်ပံ့ထားပြီး RAM4GB ၊ RAM6GB ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်ကာ Storage 64GB နှင့် 128GB တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။

ဘက်ထရီ 6000 mAhပါဝင်ပြီး 18W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။ Infrared Sensor ၊ နားကြပ်ပေါက်နှင့် NFC တို့ ပါဝင်သည်။

Redmi 9T ၏ 4/64GB ဗားရှင်းကို ယူရို ၁၅၉ သတ်မှတ်ထားပြီး အဆင့်မြင့်ဗားရှင်းဖြစ်သည့် 6/128GB ဗားရှင်း၏ဈေးနှုန်းကို မသိရှိရသေးပေ။ အဆိုပါဖုန်းများကို Twilight Blue ၊ Sunset Orange ၊ Carbon Gray ၊ Ocean Blue အရောင်တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ