နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်၊ငှက်တုပ်ကွေးရောဂါကြိုတင်ကာကွယ်

ရန်ကုန် ဇွန်  ၁၁


အိန္ဒိယနိုင်ငံရှိပြည်နယ် ခုနစ်ခုဖြစ်သည့် ကီရာလာ၊ ရာဂျက်စသန်၊ မက်ဒရာပရာဒေ့ရှ်၊ ဟီမာချယ်လ် ပရာဒက်၊ဟယ်ရီယာနာ၊ ဂုဂျာရက်နှင့်ခုတ္တရာပရာဒေရှ်တို့တွင် ကြက်၊ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု ကြောင့် အိန္ဒိယဖက်ဒရယ်အစိုးရအဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် အတည်ပြုခဲ့သည်။ နယူးဒေလီဝန်ကြီးချုပ်က မြို့တော်အတွင်း ကြက်၊ငှက်အရှင်များတင်သွင်းရောင်းချမှုကို ဇန်နဝါရီ ၉ ရက်တွင် ပိတ်ပင်တားမြစ်လိုက် ကြောင်း သတင်းစာမျက်နှာများတွင် တွေ့ရပေသည်။ လတ်တလောတွင် နယူးဒေလီမြို့အတွင်း ရောဂါဖြစ်ပွား သည့်သတင်းများ မသိရှိရသေးသော်လည်း ကြိုတင်ကာကွယ်သည်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆို သည်။

မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များမှာ ဇီဝအန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင် ပါဝင်သောပိုးမွှားနှင့်အဆိပ်အန္တရာယ်ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနများက စနစ်တကျသုတသနပြု               ရှာဖွေစမ်းသပ်ဖော်ထုတ်ပြသနိုင်သဖြင့် ဆောင်ရန်၊ ရှောင်ရန်အချက်များရရှိခဲ့ပါသည်။ လက်တွေ့ဘဝတွင် လူတို့အနေဖြင့် အလွယ်တကူနှင့်သက်သာမှုကို ရှာဖွေရယူ စားသောက်တတ်မှုကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည့် ဘေးထွက်ဆိုးကျိုးများ လူတို့တွင်ရရှိခံစားနေကြရသည်လည်း အမှန်ပင်ဖြစ်သည်။ ကြက်၊ ငှက်တုပ်ကွေး ရောဂါသည် ရောဂါဖြစ်ပွားနေသော ကြက်၊ငှက်ထွက်ပစ္စည်းများမှ တစ်ဆင့်လူသို့ကူးစက်သေဆုံးနိုင်သောရောဂါဖြစ်သည်။

 မြန်မာနိုင်ငံသို့ ကြက်၊ငှက်တုပ်ကွေးရောဂါကူးစက်မလာစေရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနများက အသိပေးထုတ်ပြန်ထားသည်။ ဆောင်းခိုငှက်များနှင့်အိမ်မွေးကြက်၊ ငှက်၊ ဘဲ၊ငုံးများ ဆက်စပ်ထိတွေ့မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်  ကြက်၊ ဘဲ၊ငုံးစသည့် ကြက်၊ငှက်မွေးမြူရေးခြံများ၏ ဇီဝ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် ကြက်၊ငှက်မွေးမြူရေးခြံများနှင့် ကြက်၊ဘဲအရှင်ဈေးများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်း၊ စနစ်တကျပိုးသတ်ဆေးဖျန်းခြင်း၊ ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ ကြက်၊ငှက် မွေးမြူရေးခြံအတွင်း ဝင်ရောက်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများစနစ် တကျ ဝတ်ဆင်ရန် ကြက်၊ငှက်များ ကိုင်တွယ်ပြီးတိုင်း ကြက်ခြံမှထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့်လက်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊ ကြက်၊ ငှက်၊ အသား၊ ဥစသည်များ သေချာစွာ ချက်ပြုတ်စားသုံးရန် ကြက်၊ ငှက်များပုံမှန်မဟုတ်သော ရုတ်တရက်သေဆုံးကြောင်း ကြားသိရပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ကို ချက်ချင်း သတင်းပို့ရန်လိုအပ်သည်။ ကြက်၊ ငှက်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့်ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်း များတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း ။    ။






အခြားဆက်စပ်သတင်းများ