နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်ကို သမ္မတရာထူးမှ ဖယ်ရှားမည့်အစီအစဉ်ကို အောက်လွှတ်တော်ဥက္ကဋ္ဌက အမတ်များထံ စာရေးသားပေးပို့

ဝါရှင်တန် ဇန်နဝါရီ  ၁၁


စွဲချက်တင်မည့် လုပ်ဆောင်မှု မစတင်မီ ဒေါ်နယ်ထရမ့်ကို သမ္မတရာထူးမှ ဖယ်ရှားမည့် အစီအစဉ်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပါလော့ဆီက လွှတ်တော်အမတ်များထံ စာရေးသားပေးပို့ခဲ့သည်။ ဒေါ်နယ်ထရမ့်ကို သမ္မတ၏လုပ်ပိုင်ခွင့်အာဏာများ ဖယ်ရှားရန် ဒုတိယသမ္မတ မိုက်ပန့်စ်ကို တိုက်တွန်းမည့် အဖွဲ့ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်အမတ်များက မဲပေးဆုံးဖြတ်မည်ဖြစ်သည်။ ထို့နောက်တွင် လွှတ်တော်အဆောက်အအုံ ဝင်ရောက်စီးနင်းခံရမှုတွင် ဒေါ်နယ်ထရမ့် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ဆူပူအုံကြွစေသည့် လှုံ့ဆော်မည်လုပ်သည်ဆိုသော စွဲချက်ဖြင့် စွဲချက်တင်ရန် အောက်လွှတ်တော်၏ ဒီမိုကရက်တစ်အမတ်များက ကြိုးပမ်းမည်ဖြစ်သည်။


အခြေခံဥပဒေ၏ ၂၅ ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်ကို အသုံးပြုပေးရန် ဒုတိယသမ္မတ မိုက်ပန့်စ်ကို တရားဝင်မေတ္တာရပ်ခံမည့် အဖွဲ့ဆုံးဖြတ်ချက် ချမှတ်ရေး အစီအစဉ်များနှင့်ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ပါလော့စီက လွှတ်တော်အမတ်များထံ စာရေးသားပေးပို့ခဲ့သည်။ အဆိုပါ အဖွဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၁ ရက် ( မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၁၂ ရက်)တွင် မဲခွဲမည်ဖြစ်သည်။


အခြေခံဥပဒေ၏ ၂၅ ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ မိုက်ပန့်စ်မှာ အမေရိကန်နိုင်ငံ၏ ယာယီသမ္မတ ဖြစ်လာပြီး ဒေါ်နယ်ထရမ့်ကို အိမ်ဖြူတော်မှ ဖယ်ရှားနိုင်မည်ဖြစ်သည်။                                          


(KNT)






အခြားဆက်စပ်သတင်းများ