နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘော်လခဲမြို့နယ်၌ တရားမဝင်ခဲသတ္တုအိတ်များ ဖမ်းဆီးရမိ

ဘော်လခဲ၊ ဇန်နဝါရီ  ၁၀


  ဇန်နဝါရီ ၄ ရက်၊  မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်တွင် ဘော်လခဲခရိုင် အုပ်ချုပ်ရေးမှူးရုံးရှေ့ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘော်လခဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သတ္တုတွင်း ဦးစီးဌာနမှဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖားဆောင်းဘက်မှ ဘော်လခဲ ဘက်သို့ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာနေ ဖိုးခွား(၂၅)နှစ်မောင်းနှင်သော 6F/xxxx Ipsum ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် ခဲသတ္တုရောရာ(၈)အိတ်၊ (၁၉၀)ပိဿာခန့်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဖိုးခွားအား ဘော်လခဲမြို့မရဲစခန်း(ပ)၂/ ၂၀၂၁၊သတ္တု တွင်းဥပဒေပုဒ်မ ၃၁ ဖြင့်လည်းကောင်း၊ 

အလားတူ ပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၁  နာရီ ၂၅ မိနစ်အချိန်တွင် လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်နေ မောင်စိုး(၃၅)နှစ်မောင်းနှင်သော 4F/xxxx King Long ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် ခဲသတ္တုရောရာ(၂၀)အိတ်၊ (၅၇၅)ပိဿာ ခန့်အား ဖမ်းဆီးရမိခဲ့သဖြင့်  မောင်စိုးအား ဘော်လခဲမြို့မရဲစခန်း (ပ)၃/၂၀၂၁၊ သတ္တုတွင်းဥပဒေပုဒ်မ ၃၁ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထား ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ