နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Lenovo က တက်ဘလက်သစ်အဖြစ် Lenovo Tab P11 ကို ကြေညာ

ရန်ကုန် ဇန်နဝါရီ ၁၀


Lenovo က ဈေးနှုန်းသက်သာသည့် Tab P11 ကို ကြေညာလာပြီဖြစ်ပြီး အဆိုပါ တက်ဘလက်သစ်မှာ ၁၁ လက်မ IPS LCD 2000x1200px Resolution ၊ Snapdragon 662 Chipset ၊ ကျောဘက်ကင်မရာ 13MP အသုံးပြုထားပြီး ရှေ့ကင်မရာက 8MP ဖြစ်သည်။

ဘက်ထရီ 7500 mAh ပါဝင်ပြီး USB Type C မှ တစ်ဆင့် 20W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။ Android 10 သုံးထားပြီး 4/64GB ၊ 6/128GB ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ကာ microSD ကနေ ထပ်မံတိုးမြှင့်နိုင်မည် ဖြစ်သည်။

Tab P11 မှာ LTE နှင့် Wi-Fi 6 တို့ပါဝင်သလို စပီကာလေးလုံး ပါဝင်သည်။ ထို့အပြင် Keyboard Pack ၊ Dock ၊ Precision Pen 2 Stylus တို့ဖြင့် တွဲပြီးအသုံးပြုနိုင်သည်။ အခြေခံဗားရှင်းဖြစ်သည့် 4/64GB ကို ယခုလ နှောင်းပိုင်းတွင် ၂၂၉ ဒသမ ၉၉ ဒေါ်လာဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။        (သူရိန်)






အခြားဆက်စပ်သတင်းများ