နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Application မှတစ်ဆင့် အခမဲ့လေ့လာနိုင်မည့် SAYA: The English Learning App

ရန်ကုန် ဇန်နဝါရီ ၁၀


မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာရပ်ကို ဒုတိယဘာသာရပ်အနေဖြင့် အသုံးပြုနေသော်လည်း English Proficiency Index အရ Southeast Asia နိုင်ငံများ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု စာရင်းတွင် အောက်ဆုံးမှ ပါဝင်နေသည်။ ထို့အပြင် Covid ကာလ ၌ သင်တန်းသို့ သွားရောက်တက်ရန်အတွက်လည်း အခက်အခဲများစွာရှိခြင်းတို့ကြောင့်  Binary Lab Software Development Company မှ အင်္ဂလိပ်ဘာသာစကားကို အချိန်မရွေး လေ့လာနိုင်ရန် SAYA Mobile Application ကို မိတ်ဆက်ပေးထားသည်။

Application ကို Playstore မှ အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပြီး Video Lecture များကို Course အလိုက်၊ Level အလိုက်ခွဲ ပေးထားခြင်း၊ မိမိ Level နှင့် လိုက်ဖက်မည့် Course များကို သင်ယူချင်သည့်အပိုင်းလိုက် ရွေးချယ်လေ့လာနိုင်ခြင်းများ စသောလုပ်ဆောင်ချက်များပါဝင်သည်။ အဆိုပါ Course များကို ဝါရင့် အင်္ဂလိပ်ဆရာ၊ ဆရာမများက သင်ကြားပေးထားခြင်းဖြစ်သည့်အပြင် Course Video များ ကြည့်ရုံသာမက မိမိလေ့လာထားသည့် Lecture များကို Application ထဲမှာတွင် Practice ပြုလုပ်နိုင်သည့်အတွက် အမှန် တကယ်တတ်မြောက်လိုသူများအတွက် အကျိုးဖြစ်ထွန်းစေမည့် Application တစ်ခုဖြစ်သည်။ Course များကို အခုမှ စပြီးလေ့လာမည့်သူများအပြင် အလုပ်ခွင်တွင်အသုံးပြုသည့် English ကိုပါ လေ့လာချင်သူများအတွက် သင်ကြားပေးထားခြင်းဖြစ်သည်။ ဆက်လက်ပြီး Course များကို ထပ်မံထည့်သွင်းသွားရန်စီစဉ် ထားကြောင်း SAYA Application မှ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။

အဆိုပါ Application ကို Covid ကာလတွင် အခမဲ့ လေ့လာနိုင်မည်ဖြစ်သည်။ Application က Android အသုံးပြုသူ များအတွက် ယခု Playstore ပေါ်ရှိနေပြီး မကြာမီ iPhone အသုံးပြုသူများအတွက်ပါ ထုတ်ပေးသွားမည်ဖြစ်ကြောင်း SAYA Application မှ တာဝန်ရှိသူတစ်ဦးကပြောထားသေးသည်။ SAYA application ကို အသုံးပြုလိုပါက် ဖော်ပြပါလင့်ခ် https://play.google.com/store/apps/details?id=com.saya မှ Download ရယူခြင်းဖြင့် အင်္ဂလိပ်စာကို ကောင်းစွာ လေ့လာသင်ယူနိုင်ပြီဖြစ်သည်။   (WP)






အခြားဆက်စပ်သတင်းများ