နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးခရိုင်တွင် ဝါယာကြိုးများအပူလွန်ကဲပြီး မီးလောင်မှုများဖြစ်ပွား

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ၆၉ လမ်းနှင့် လမ်း ၇၀ ကြား ဧဝရတ်လမ်း၊ (ဈ)ရပ်ကွက်ရှိ ချည်မျှင်စက်ရုံတွင် မတ် ၃၀ ရက်၊ ည ၈ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ချည်မျှင်စက်ရုံ ၏ ပေ ၆၀ x ပေ ၈၀ နံကပ်သွပ်မိုး(၁)ထပ်မျက်နှာကြက်တွင် သွယ်တန်းထားသော ဝါယာကြိုးများအပူလွန်ကဲ ပြီး မျက်နှာကြက်သစ်သားတန်းသို့ ကူးစက်ရာမှမီးလောင်မှုစတင်ဖြစ်ပွားရာ ပေ ၆၀ x ပေ ၈၀ နံကပ်သွပ်မိုး(၁) ထပ်(၁)လုံး၊ အတွင်းပစ္စည်းများနှင့် ဝါဂွမ်းပိဿာ ၂၀ ခန့်မီးလောင်ခဲ့ပြီး စုစုပေါင်းကျပ် ၆၆၀ဝ၀ဝ ဖိုး ဆုံးရှုံးခဲ့သည်။ မီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ် ယာဉ် ၂၀ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး၊ ဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ဦးဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၈ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားသည်။ မီးလောင်မှု နှင့်ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ်စက်မှုနယ်မြေရဲစခန်းက စက်ရုံတာဝန်ခံကိုရဲဝင်းနောင်အား(ပ)၁၁၁/၂ ၀၂၀၊ ပုဒ်မ၂၈၅ အရ အမှုဖွင့်အရေးယူထားသည်။ အလားတူမတ် ၃၀ ရက်၊ နံနက် ၄ နာရီက မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ ရပ်ကွက် ၈၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား ဝင်းလိုက်ရုပ်ရှင်ရုံ အာစီ ၄ ထပ်(၃)လွှာတွင် ၁၅ ပေ x ၁၀ ပေ ရုပ်ရှင်ရုံစက်ခန်းအတွင်း Breaker သို့ အဝင်လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ လေအေးပေးစက်၊ အခန်းကန့်ထားသောအထပ်သား၊ ပြတင်းပေါက်၊ မျက်နှာကြက်တို့ မီးလောင်ခဲ့ပြီး ကျပ် ၂၂၀ဝ၀ဝ ဖိုးဆုံးရှုံးခဲ့သည်။ မီးလောင်ရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် ချမ်းအေးသာစံ မြို့နယ်မှ မီးသတ်ယာဉ် ၈ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ ဝင်းလိုက်ရုပ်ရှင်ရုံမန်နေဂျာဦးဝင်းအား အမှတ်(၈)မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားသည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ