နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် (တိုင်ပေ) အရာရှိများနှင့် ဆက်ဆံရေးအတွက် ကန့်သတ်ချက်များကို အမေရိကန်နိုင်ငံ ပယ်ဖျက်

ဝါရှင်တန်    ဇန်နဝါရီ    ၁၀


အမေရိကန်နှင့် တရုတ်(တိုင်ပေ)အရာရှိများကြား ဆက်သွယ်မှုလုပ်ခြင်းနှင့်ပတ်သက်၍ ကာလရှည် ချမှတ်ထားသည့် ကန့်သတ်မှုများကို အမေရိကန်နိုင်ငံက ဖယ်ရှားပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။ 

တရုတ် (တိုင်ပေ)ကို တရုတ်နိုင်ငံပိုင် ကျွန်းအဖြစ် သတ်မှတ်ထားသည့် တရုတ်အစိုးရ ကျေနပ်စေရန်အတွက် လွန်ခဲ့သည့်ဆယ်စုနှစ်များကတည်းက အမေရိကန်နိုင်ငံက ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင် အဆိုပါစည်းမျဉ်းများကို ပယ်ဖျက်တော့မည်ဟု ဆိုသည်။ 

အမေရိကန်အစိုးရ၏ လုပ်ရပ်မှာ တရုတ်နိုင်ငံကို ဒေါသထွက်စေဖွယ်ရှိပြီး အမေရိကန်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာစေဖွယ်ရှိသည်။ ဇန်နဝါရီလ ၂၀ ရက်တွင် ဂျိုးဘိုင်ဒင်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ရာ ဒေါ်နယ်ထရမ့်အစိုးရက ယင်းတို့၏ နောက်ဆုံးလက်ကျန်နေ့များတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

တရုတ် (တိုင်ပေ)မှာ ဒီမိုကရေစီစနစ်ကို စိတ်အားထက်သန်စွာ ကျင့်သုံးပြီး စိတ်ချယုံကြည်ရသည့် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် အမေရိကန်သံအမတ်များနှင့် တရုတ် (တိုင်ပေ)သံအမတ်များ၏ ဆက်ဆံရေးတွင် ကန့်သတ်ချက်များ မလိုအပ်ကြောင်း မိုက်ပွမ်ပီယိုက ဆိုသည်။ အမေရိကန်နိုင်ငံက ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများနည်းတူ တရားဝင်ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသော်လည်း တရုတ်(တိုင်ပေ) ကို လက်နက်ရောင်းချပေးခဲ့သည်။  


 KNT






အခြားဆက်စပ်သတင်းများ