မေ ၉၊ ရောမ
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀၀ ကျော်ရှိလာသည့် ပထမဆုံး အီးယူနိုင်ငံ (ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ) ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်သောကြာနေ့က အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၄၃ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၃၀၂၀၁ ဦးအထိ ရှိလာသည်။ တစ်ရက်တာအတွင်း ရောဂါကူးစက်ခံရသူ ၁၃၂၇ ဦးရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၂၁၇၁၈၅ ဦး ရှိနေသည်။
အီတလီနိုင်ငံတစ်ဝန်းတွင် ကန့်သတ်ချက်များကို စတင်ဖြေလျှော့ပေးနေသော်လည်း မီလန်မြို့မှာ ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်ဟု ဆရာဝန်တစ်ဦးက ပြောသည်။ အီတလီနိုင်ငံမှာ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ(ဥရောပသမဂ္ဂမှ နုတ်ထွက်ခဲ့သည်)တို့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၈၀၀၀ ကျော်ရှိနေပြီး ဗြိတိန်နိုင်ငံတွင် သေဆုံးသူ ၃၁၀၀၀ ကျော်ရှိသည်။ ဥရောပနိုင်ငံများအနက် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို တတိယအဆိုးရွားဆုံးခံစားနေရသည့် စပိန်နိုင်ငံတွင် သေဆုံးသူ ၂၆၀၀၀ ကျော် ရှိနေသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလက မြောက်ပိုင်းဒေသများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု စတင်တွေ့ရှိခဲ့ပြီးနောက် အသွားအလာပိတ်ဆို့မှု ပြုလုပ်ခဲ့သည့် အီတလီနိုင်ငံမှာ ဥရောပနိုင်ငံများအနက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာပိတ်ဆို့မှု ပထမဆုံးပြုလုပ်ခဲ့ရသည့်နိုင်ငံဖြစ်သည်။
Ref:BBC(KNT)