နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်၏လက်ထောက်အရာရှိတွင် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

မေ ၉၊ ဝါရှင်တန်

အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်၏ ထိပ်တန်းလက်ထောက်တစ်ဦးတွင် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် ဝတ်စုံစီစဉ်ပေးရသူတွင် COVID-19 ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တစ်ရက်အကြာတွင် မိုက်ပန့်စ်၏ သတင်းပြန်ကြားရေးအရာရှိ ကေတီမီလာတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နှင့် မိုက်ပန့်စ်တို့အတွက် နေ့စဉ်စစ်ဆေးမှု ပြုလုပ်ပေးနေပြီး သမ္မတကို ကာကွယ်ပေးရန် ကြိုတင်ကာကွယ်မှုမှန်သမျှ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၆၀၀၀ ကျော်ရှိနေသော်လည်း ပြည်နယ်များကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

မိုက်ပန့်စ်မှာ အိုင်အိုဝါပြည်နယ်သို့ သွားရောက်ပြီး ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရန်အတွက် ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ လေယာဉ်ပြေးလမ်းပေါ်မှ Air Force 2 လေယာဉ်ဖြင့် ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ယင်း၏အဖွဲ့ဝင်ခြောက်ဦးကို လေယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့သည်။ အဆိုပါအဖွဲ့ဝင်ခြောက်ဦးမှာ မကြာသေးမီအချိန်က ကေတီမီလာနှင့် ထိတွေ့မှုရှိခဲ့သည်ဟု အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောသည်။ သို့သော် သမ္မတနှင့် ဒုတိယသမ္မတတို့မှာ ကေတီမီလာနှင့် ထိတွေ့မှုမရှိဟု ဆိုသည်။ ကေတီမီလာမှာ ဒေါ်နယ်ထရမ့်၏လက်ထောက် စတီဖင်မီလာ၏ဇနီးဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ