နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖေ့ဘွတ်ခ်နှင့် ဂူဂဲလ်ကုမ္ပဏီက ဝန်ထမ်းများကို နှစ်ကုန်အထိ အိမ်မှ အလုပ်လုပ်ခွင့်ပေး

မေ ၉၊ ဝါရှင်တန်

နည်းပညာလောက၏ ထိပ်တန်းကုမ္ပဏီများဖြစ်သည့် ဖေ့ဘွတ်ခ်နှင့် ဂူဂဲလ်ကုမ္ပဏီများက ယင်းတို့၏ ဝန်ထမ်းများကို ၂၀၂၀ ပြည့်နှစ်ကုန်အထိ အိမ်မှ အလုပ်လုပ်ခွင့်ပေးမည်ဟု ကြေညာခဲ့သည်။ ဖေ့ဘွတ်ခ်နှင့် ဂူဂဲလ်ကုမ္ပဏီများက သူတို့၏ရုံးခန်းများကို မကြာမီ ပြန်ဖွင့်ရန် စီစဉ်နေသော်လည်း အိမ်မှတစ်ဆင့် အလုပ်လုပ်ခြင်းကိုလည်း ခွင့်ပြုပေးသွားမည်ဟု ဆိုသည်။

အစောပိုင်းတွင် ဂူဂဲလ်ကုမ္ပဏီက ဇွန်လ ၁ ရက်နေ့အထိ အိမ်မှတစ်ဆင့် အလုပ်လုပ်ခွင့်ပေးမည်ဟု ပြောခဲ့သော်လည်း ယခုအခါတွင် အိမ်မှတစ်ဆင့် အလုပ်လုပ်ခွင့်ပေးသည့် ကာလကို နောက်ထပ် ၇ လ တိုးမြှင့်ပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ပိတ်ဆို့မှုများကို တဖြည်းဖြည်းချင်း လျှော့ချပေးလျက်ရှိရာ ဇူလိုင်လ ၆ ရက်နေ့တွင် ယင်းတို့၏ရုံးများကို ပြန်ဖွင့်မည်ဟု ဖေ့ဘွတ်ခ်ကုမ္ပဏီက ပြောသည်။

သို့သော် မည်သည့်ဝန်ထမ်းများကို ရုံးပြန်တက်ခိုင်းရမည်ဆိုခြင်းကို စဉ်းစားနေဆဲဖြစ်ကြောင်း  ဖေ့ဘွတ်ခ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဖေ့ဘွတ်ခ်ကုမ္ပဏီမှာ ဝန်ထမ်းများကို အိမ်မှတစ်ဆင့် အလုပ်လုပ်ခွင့်ပေးသည့် ပထမဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ကလေးစောင့်ရှောက်မှုစရိတ်အဖြစ် ဝန်ထမ်းများကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးအပ်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ