နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ မဟာစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်

မေ ၉၊ ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နေသည့် အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်မှုနှုန်းမှာ အလုပ်သမားအင်အားစု၏ ၁၄ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ပြီးခဲ့သည့်ဧပြီလအတွင်း အလုပ်လက်မဲ့ဖြစ်သူ ၂၀ ဒသမ ၅ သန်းရှိခဲ့ပြီး မတ်လနောက်ပိုင်း အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၃၃ ဒသမ ၃ သန်း ရှိနေသည်။ အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ ၁၉၃၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် မဟာစီးပွားပျက်ကပ်(Great Depression)နောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်။ လွန်ခဲ့သည့်နှစ်လက အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းရှိနေရာမှ ယခုအခါတွင် ၁၄ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၏ အစီရင်ခံစာအရ စီးပွားရေးကဏ္ဍအားလုံးတွင် ကျဆင်းမှုများ ကြုံတွေ့နေကြောင်း ဖော်ပြထားသည်။ အလုပ်အကိုင်ဆုံးရှုံးမှုအများဆုံးကဏ္ဍမှာ အပန်းဖြေမှုနှင့် ဧည့်ခံ ကြိုဆိုရေးလုပ်ငန်းဖြစ်ပြီး ဝန်ထမ်းအင်အားစု၏ ၄၇ ရာခိုင်နှုန်း(၇ ဒသမ ၇ သန်း) အလုပ်လက်မဲ့ဖြစ်ခဲ့သည်။ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းမှ အလုပ်သမား ၂ ဒသမ ၅ သန်းနှင့် လက်လီအရောင်းသမား  ၂ ဒသမ ၁ သန်း အလုပ်အကိုင်ဆုံးရှုံးခဲ့သည်။         
                                                          
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ