နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံ၏ အမေဇုန်မိုးသစ်တောတွင် သစ်တောပြုန်းတီးမှု တစ်ဟုန်ထိုးမြင့်တက်

မေ ၉၊ ဘရာစီလီယာ

ပြီးခဲ့သည့်လက ဘရာဇီးနိုင်ငံ၏ အမေဇုန်မိုးသစ်တောအတွင်း သစ်တောပြုန်းတီးမှု တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ တရားမဝင်သစ်ခုတ်မှုနှင့် မိုင်းတူးဖော်ရေးလုပ်ငန်းများကို တားဆီးရန်အတွက် စစ်သည်များ စေလွှတ်ရန် ပြင်ဆင်လျက်ရှိသည်။ ပြီးခဲ့သည့်ဧပြီလက အမေဇုန်မိုးသစ်တော၏ သစ်တောပြုန်းတီးမှုမှာ ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၆၄ ရာခိုင်နှုန်း ပိုများပြီး စတုရန်းမိုင် ၁၄၆ မိုင်ကျယ်ဝန်းသည်ဟု ဘရာဇီးနိုင်ငံ အာကာသသုတေသနအေဂျင်စီက ပြောသည်။

၂၀၂၀ ပြည့်နှစ် ပထမလေးလအတွင်း တရားမဝင် သစ်ခုတ်သူများနှင့် မွေးမြူရေးခြံသမားများ၏ သစ်တောခုတ်ထွင်ရှင်းလင်းမှုမှာ ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။ သမ္မတ ဘော်ဆိုနာရို၏ မူဝါဒများနှင့် နိုင်ငံရေးဟောပြောမှုများမှာ တရားမဝင်လုပ်ရပ်များကို အားပေးအားမြှောက်လုပ်ရာ ရောက်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက ပြောသည်။ အဆိုပါစွပ်စွဲချက်ကို ဘော်ဆိုနာရိုက ငြင်းဆန်ခဲ့သည်။ ဘော်ဆိုနာရိုမှာ ယခုရက်သတ္တပတ်အစောပိုင်းက အဆိုပါဒေသသို့ လက်နက်ကိုင်တပ်ဖွဲ့များ ဖြန့်ကြက်ရန် ညွှန်ကြားခဲ့သည်။ အမေဇုန်မိုးသစ်တောမှာ ကာဗွန်စုပ်ယူမှုအတွက် အဓိကအရေးပါပြီး ကမ္ဘာကြီးပူနွေးလာမှုနှုန်းကို လျော့ကျစေသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ