နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိုးဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မည်မဟုတ်ဟု ဒေါ်နယ်ထရမ့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၉

ဇန်နဝါရီလ ၂၀ ရက်တွင် လွှတ်တော်အဆောက်အအုံ၌ ကျင်းပမည့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ပုံမှန်အားဖြင့် ရာထူးမှ ထွက်ခွာရမည့် အမေရိကန်သမ္မတများမှာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လေ့ရှိသည်။ သို့သော် ဒေါ်နယ်ထရမ့်မတိုင်မီက အမေရိကန်နိုင်ငံသမိုင်းတွင် ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ရန် ငြင်းဆန်ခဲ့သည့် ရာထူးမှထွက်ခွာမည့် သမ္မတ ငါးဦး ရှိခဲ့ဖူးသည်။

'' ဇန်နဝါရီလ ၂၀ ရက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျွန်တော် တက်မှာမဟုတ်ဘူးဆိုတဲ့အကြောင်း တမေးတည်း မေးနေသူတွေကို ပြောပြချင်ပါတယ် ''ဟု ဒေါ်နယ်ထရမ့်က ရေးသားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ယင်းအနေဖြင့် ဒုတိယမြောက် သမ္မတသက်တမ်း တာဝန်ထမ်းဆောင်ခွင့်ရမည်မဟုတ်ဟု ဇန်နဝါရီလ ၇ ရက်ညတွင်  ပထမဆုံးအကြိမ် လူသိရှင်ကြား ဝန်ခံခဲ့ပြီး အစီအစဉ်တကျ အာဏာလွှဲပြောင်းပေး မယ်လို့ ရုပ်သံမှတ်တမ်းမှာ  ပြောခဲ့သည်။ သို့သော် ဒေါ်နယ်ထရမ့်အနေဖြင့် ရာထူးမှ ဖြုတ်ချခံရပြီး စွဲချက်တင်ခံရ မည့် အန္တရာယ်ရှိလာချိန်မှသာ အာဏာလွှဲပြောင်းပေးမည်ဆိုသည့် ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်၏ အကြံပေးအရာရှိက ပြောသည်။

KNT






အခြားဆက်စပ်သတင်းများ