နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီးယားလက်နက်အင်အား တိုးချဲ့သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကတိပြု

ပြုံယမ်း၊ ဇန်နဝါရီ ၉

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်အင်အားနှင့် စစ်အင်အားကို တိုးချဲ့သွားမည်ဟု အာဏာရအလုပ်သမားပါတီ၏ ညီလာခံအခမ်းအနား မိန့်ခွန်းပြောကြားမှုတွင် ကင်ဂျုံအန်က ကတိပြုခဲ့သည်။ သို့သော် ရန်လိုသည့် အင်အားစုများက မြောက်ကိုရီးယားနိုင်ငံကို စတင် တိုက်ခိုက်မှုမလုပ်ပါက ယင်းတို့အနေဖြင့် နျူကလီးယားလက်နက်ကို အသုံးပြုရန် ဆန္ဒမရှိကြောင်း ကင်ဂျုံအန်က ပြောသည်။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မည့် အစီအစဉ်မှာလည်း ပြီးမြောက်လုနီးပါး ဖြစ်နေပြီဟု ယင်းက ဆိုသည်။

ထို့အပြင် အမေရိကန်နိုင်ငံက မြောက်ကိုရီးယား၏ အကြီးမားဆုံးရန်သူဖြစ်ကြောင်း၊ မည်သူပဲ သမ္မတ ဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံ၏ မူဝါဒပြောင်းလဲလာမည်ဟု မထင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောခဲ့သည်။

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် နီးကပ်လာချိန်တွင် ကင်ဂျုံအန်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ ကင်ဂျုံအန်၏ မှတ်ချက်မှာ အမေရိကန်အစိုးရသစ်ကို ဖိအားပေး ရန် ကြိုးစားမှုဖြစ်သည်ဟု နိုင်ငံရေးသုတေသီများက သုံးသပ်ထားသည်။ ဒေါ်နယ်ထရမ့်လက်ထက်တွင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများတွင် တိုးတက်မှု မရှိခဲ့သော်လည်း ကင်ဂျုံအန်နှင့် ဒေါ်နယ်ထရမ့်ကြား ဆက်ဆံရေးနွေးထွေးခဲ့သည်။

 KNT






အခြားဆက်စပ်သတင်းများ