နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာတဲ့ ဆံပင်ဖြစ်စေဖို့

ဇန်နဝါရီ ၉

ဆံပင်အနံ့ဆိုးသူများက ဆံပင်အရင်းပိုင်း ဦးရေပြားကစ၍ ဆံပင်ထိပ်ဖျားအထိ တစ်ခေါင်းလုံးအနှံ့ကို ခရမ်းချဉ်သီးမှည့်နဲ့ နာနာပွတ်ပြီးနောက်  ခေါင်းလျှော်ချလိုက်ပါ။ ဗောက်ထ၍ ယားယံခြင်းများအတွက်၊ သံလွင်ဆီတစ်ဆ (သို့မဟုတ်) အုန်းဆီ တစ်ဆထဲကို သံပရာရည် သုံးဆရော၍ ဦးရေပြားအနှံ့လိမ်းကျံပြီးနောက် ၁၅ မိနစ်ခန့်ကြာအောင် မျက်နှာသုပ်ပုဝါသေးသေးနဲ့ ဦးခေါင်းကို ပေါင်းထုပ်ထားပါ။ ပြီးရင် Anti Dandruff, Itchy Scalp စာသားပါတဲ့ ရှမ်ပူအမျိုးအစားနဲ့ ခေါင်းလျှော်၍ ရေစင်စင်လောင်းပါ။ ဒီနည်းက ဗောက်ပျောက်စေတဲ့ အပြင် ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဆံပင်အရောင်မွဲခြောက်၍ ဖွာလန်ကျဲနေခြင်းအတွက်ပုံမှန်အတိုင်းခေါင်းလျှော်ပြီးတဲ့အခါ ရှာလကာရည်ကို ရေခပ်နွေးနွေးနဲ့ဆတူရော၍ ဆံပင်ပေါ်သို့ဆေးကြော လောင်းချပေးရုံပါပဲ။  ဆံသားတောက်ပြောင်လာစေရုံသာမက၊ ဆံပင်ကျွတ်ထွက်ခြင်းတို့ကိုပါ သက်သာစေ ပါတယ်။

ဆံသားကြမ်းတမ်းသူများက၊ ငှက်ပျောသီးနဲ့ သင်္ဘောသီးမှည့်မှည့်တို့ကို ဆတူရောကြိတ်ချေ၍ ပျားရည် သင့်ရုံရောထည့်ကာ ဆံသားများအပေါ်လိမ်း ပေးပါ။ အဲဒီအရောအနှောတွေ ဆံပင်ပေါ်ခြောက်သွားတဲ့ အချိန်ထိ ခေတ္တစောင့်ဆိုင်းပြီးနောက် ရေအေးအေးဖြင့် ခေါင်းလျှော်ချပါ။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ရေစိုနေတဲ့ ဆံပင်ကိုခြောက်သွားစေဖို့ မျက်နှာသုပ်ပဝါဖြင့် တစ်ခေါင်းလုံးကို လုံအောင်ပေါင်း ထားပေးပါ။ မျက်နှာသုပ် ပဝါနဲ့ ဖိတိုက်ပွတ်ဆွဲခြင်းမျိုး လုံး၀မလုပ်ပါနဲ့။ ဆံသားတွေ ပျက်စီးကျိုးကြေသွားစေတတ်လို့ပါ။
ဆံပင်ကောင်းဆံပင်သန်လိုသူများက၊ အနည်းဆုံး ရက်သတ္တပတ်လျှင် တစ်ကြိမ် သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ (သို့မဟုတ်) ဗီတာမင်အီး ဆေးလုံးလေးကို ဖေါက်၍ ဦးရေပြားထဲစိမ့်၀င်အောင် နှိပ်နယ်၍လိမ်းပေးပါ။ ဆံပင်ထိပ်ဖျားလေးတွေကို လေးလလျှင်တစ်ကြိမ် ကတ်ကြေးနဲ့ ညှိပေးလိုက်ပါဦး။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ