ဘဂ္ဂဒက် ဇန်နဝါရီ ၈
ပြီးခဲ့သည့်နှစ်က အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံရာတွင် အီရတ်ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် အီရတ်နိုင်ငံ စုံစမ်းစစ်ဆေးရေးတရားရုံး၏ တရားသူကြီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် အမေရိကန်နိုင်ငံက မောင်းသူမဲ့ယာဉ်အသုံးပြု၍ ကွက်တပ်ဖွဲ့ ခေါင်းဆောင် ဆိုလေမာနီကို လုပ်ကြံခဲ့ရာတွင် အီရတ်ပြည်သူ့စစ်တပ်ဖွဲ့(Popular Mobilization Forces - PMF) ဒုတိယခေါင်းဆောင် အယ်မူဟန်ဒီလည်း သေဆုံးခဲ့သည်။
''ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးသွားချိန်မှာ ရာထူးလွှဲပြောင်းပေးရတော့မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရားသူကြီးက ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ပါတယ် '' ဟု အီရတ်နိုင်ငံ ထိပ်တန်းတရားရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Popular Mobilization Forces မှာ အီရန်နိုင်ငံနှင့် ဆက်နွှယ်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း များဖြင့် ဖွဲ့စည်းထားသည့် ရှီအာပြည်သူ့စစ်တပ်ဖွဲ့ဖြစ်ပြီး ၂၀၁၆ ခုနှစ် အီရတ်နိုင်ငံဥပဒေအရ ဝန်ကြီးချုပ်ကို တိုက်ရိုက်အစီရင်ခံရသည့် ပြည်သူ့စစ်တပ်ဖွဲ့ ဖြစ်သည်။ အီရန်နိုင်ငံကလည်း ဆိုလေမာနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်ကို ဖမ်းဆီးမိန့်ထုတ်ပြန်ထားသည်။
KNT