နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇန်နဝါရီလကုန်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ရောက်ရှိမည်

ဂျီနီဗာ   ဇန်နဝါရီ      ၈


ဇန်နဝါရီလကုန်မှ ဖေဖော်ဝါရီလလယ် ကာလအတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိလိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောသည်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံများအပါအဝင် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတချို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုများ ပြုလုပ်လျက်ရှိသည်။


ကမ္ဘာ့နိုင်ငံအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရေးနှင့် ဖြန့်ဖြူးရေး ဆောင်ရွက်နေသည့် COVAX အဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေး အဖုံ ၂ ဘီလျံ ဝယ်ယူရန် သဘောတူညီထားသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် WHO က Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်ထိုးနှံခွင့်ပြုခဲ့သည်။


COVAX အဖွဲ့မှာ ၂၀၂၁ ခုနှစ်အကုန်မှာ အဖွဲ့ဝင်နိုင်ငံအားလုံး၏ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးရရှိရန် ရည်မှန်းထားသည်။ ဝင်ငွေနည်းသည့် အာဖရိကနိုင်ငံများအတွက် မည်သည့်အချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိမည်နည်းဟု မေးမြန်းရာတွင် ကိတ်အိုဘရိုင်ယန်က '' ကာကွယ်ဆေးအဖုံရေ ၂ ဘီလျံကျော် မှာယူထားပါတယ်။


ဇန်နဝါရီလကုန်ကစပြီး ကာကွယ်ဆေးတွေ ပို့ပေးမယ်။ ဒါမှမဟုတ်ရင် ဖေဖော်ဝါရီလအစောပိုင်း၊ ဖေဖော်ဝါရီလလယ်ပိုင်းလောက်တော့ သေချာပေါက် ရမှာပါ။ ဒါကတော့ အာဖရိကနဲ့ အာရှတောင်ပိုင်းနိုင်ငံတွေ၊ အဖွဲ့ဝင်နိုင်ငံ ၉၂ နိုင်ငံထဲမှာ ပါဝင်ပြီး ကာကွယ်ဆေးစရိတ် မတတ်နိုင်တဲ့ တခြားနိုင်ငံတွေ ကာကွယ်ဆေးရရှိမယ့် အနေအထားပါပဲ'' ဟု ကိတ်အိုဘရိုင်ယန်က ပြောသည်။              


KNT






အခြားဆက်စပ်သတင်းများ