နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း လွှတ်တော်အတည်ပြု

ဝါရှင်တန်   ဇန်နဝါရီ      ၈


သမ္မတဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံသူများက လွှတ်တော်အဆောက်အအုံကို ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်လွှတ်တော်က သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ကြောင်း အတည်ပြုခဲ့သည်။


လွှတ်တော်အတွင်း ဝင်ရောက်သောင်းကျန်းခဲ့သည့် လူအုပ်ကြီးကို ရဲတပ်ဖွဲ့က ဖယ်ရှားခဲ့ပြီးနောက် လွှတ်တော်အမတ်များက လွှတ်တော် ၂ ရပ်၏ အထူးအစည်းအဝေးကို ပြန်လည်စတင်ခဲ့သည်။ သမ္မတ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရသည်ဟု လွှတ်တော်က အတည်ပြုခဲ့ခြင်းကြောင့် ဇန်နဝါရီလ ၂၀ ရက် တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနိုင်တော့မည်ဖြစ်သည်။ လွှတ်တော်က ဂျိုးဘိုင်ဒင်အနိုင်ရခဲ့သည်ဟု အတည်ပြုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ကလည်း အစီအစဉ်တကျ အာဏာလွှဲပြောင်းပေးအပ်မည်ဟု ကတိပြုခဲ့သည်။


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်ရပ်ကြောင့် လူလေးဦး သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ သမ္မတတစ်ဦးကို ထောက်ခံအားပေးသူများက အမေရိကန်လွှတ်တော် အဆောက်အအုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းမှာ အမေရိကန်နိုင်ငံသမိုင်းတွင် မကြုံစဖူးဖြစ်ရပ်ဖြစ်သည်။


KNT






အခြားဆက်စပ်သတင်းများ