နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကျင့်ပျက်ခြစားသည့် ဘဏ္ဍာရေးအဖွဲ့ဥက္ကဋ္ဌဟောင်းကို သေဒဏ်ချမှတ်ခြင်းကြောင့် တရုတ်နိုင်ငံကို လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်

ဘေဂျင်း၊ ဇန်နဝါရီ ၇


အကျင့်ပျက်ခြစားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် တရုတ်ဘဏ္ဍာရေးအဖွဲ့ အကြီးအကဲဟောင်းတစ်ဦးကို သေဒဏ် ချမှတ်မှုအပေါ် လူ့အခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ Huarong Asset Management အဖွဲ့ ဥက္ကဋ္ဌ လိုင်ရှောင်းမင်မှာ ၁၀ နှစ်တာကာလအတွင်း ယွမ် ၁.၈ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၂၈၀) လာဘ်စားခဲ့သည်ဆိုသောစွဲချက်များဖြင့် ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။


တရုတ်နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံပိုင်ဘဏ်များ၏ ကြွေးမြီများကို လျှော့ချရန်အတွက် ၁၉၉၉ ခုနှစ်တွင် Huarong Asset Management အဖွဲ့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လိုင်ရှောင်းမင်ကို သေဒဏ်ချမှတ်ခဲ့ခြင်းမှာ သမ္မတရှီကျင်းဖျင်၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် အကြီးလေးဆုံး ပြစ်ဒဏ်တစ်ရပ်ဖြစ်သည်။


အဆိုပါလုပ်ရပ်ကြောင့် နာကြည်းခံပြင်းမိပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာပါမည်ဆိုသည့် ကတိကဝတ် ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ Human Rights Watch ၏ အာရှလက်ထောက်ဒါရိုက်တာ  ဖီးလ်ရောဘတ်ဆန်က ပြောသည်။


တရုတ်နိုင်ငံအနေဖြင့် လိုင်ရှောင်းမင်၏ သေဒဏ်ပြစ်ဒဏ်ကို ထောင်ဒဏ်ပြစ်ဒဏ်အဖြစ် ချက်ချင်း လျှော့ပေါ့ပေးရန် ဖီးလ်ရောဘတ်ဆန်က တိုက်တွန်းခဲ့သည်။


KNT






အခြားဆက်စပ်သတင်းများ