နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာတိတ်အမျိုးသားဘေးမဲ့တောတွင် ရေနံတူးဖော်ခွင့်ပေးအပ်ရန် ဒေါ်နယ်ထရမ့်အစိုးရ ကြိုးပမ်းနေ

ဝါရှင်တန်၊ ဇန်နဝါရီ ၇


အာတိတ်အမျိုးသားဘေးမဲ့တောတွင် ပထမဆုံးအကြိမ် ရေနံတူးဖော်ခွင့် ပေးအပ်နိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသည်။ ကျယ်ဝန်းသည့် အလက်စကာနယ်မြေမှာ ပိုလာဝက်ဝံများ၊ ဝံပုလွေများ၊ ကာရီဘူးသမင်များ အပါအဝင် အရေးပါသည့် မျိုးစိတ်အများအပြား ကျက်စားရာ နေရာဖြစ်သည်။


ဆယ်စုနှစ်များစွာ အငြင်းပွားခဲ့သော်လည်း အလက်စကာဘေးမဲ့ဒေသအကျယ်အဝန်း၏ ၅ ရာခိုင်နှုန်း တွင် ရေနံတူးဖော်ခွင့်ရရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် ရေနံတူးဖော်ခွင့်စာချုပ် ရောင်းချရန် အလျင်စလို လုပ်နေခြင်းကို ပြိုင်ဘက်နိုင်ငံရေးသမား များက ဝေဖန်လျက်ရှိသည်။


ဧက ၁၉ သန်းနီးပါး ကျယ်ဝန်းသည့် အာတိတ်အမျိုးသားဘေးမဲ့တောမှာ အမေရိက၏ နောက်ဆုံးကျန်ရှိသည့် ဧရာမဘေးမဲ့နယ်မြေအဖြစ် မကြာခဏ ဖော်ပြခံရလေ့ရှိသည်။ ဆောင်းရာသီကာလများတွင် ကိုယ်ဝန်ဆောင် ဝက်ဝံမများက ကလေးမွေးဖွားရန်အတွက် အလက်စကာဘေးမဲ့တောတွင် အသိုက်အမြုံဖန်တီးလေ့ရှိသည်။


အပူချိန် မြင့်တက်လာပြီး ရေခဲပြင် ပါးလျလာခြင်းကြောင့် ဝက်ဝံများက ကုန်းမြေပေါ်တွင် အသိုက်အမြုံ ဖန်တီး လာကြခြင်းဖြစ်သည်။
အလက်စကာပြည်နယ်တွင်  နေထိုင်သူများအနေဖြင့်  နှစ်စဉ်နှစ်တိုင်း  အမြဲတမ်းရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ ၁၆၀၀ ဝန်းကျင် ရရှိနေရာ ရေနံဝင်ငွေမှာ အလက်စကာပြည်နယ်အတွက် အရေးကြီး သည်။


၂၀၁၇ ခုနှစ်က ဒေါ်နယ်ထရမ့်အစိုးရ၏ အခွန်လျှော့ချသည့် ဥပဒေကြမ်းတွင် အလက်စကာ ဘေးမဲ့တော၏ ကမ်းရိုးတန်းလွင်ပြင်၌ ရေနံတူးဖော်မည့် တင်ကူးပြင်ဆင်ချက် ပါဝင်သည်။ ရေနံတူးဖော်မှုမှာ အခွန်ငွေလျှော့ချမည့် ကုန်ကျစရိတ်ကို ကာမိစေမည့် နည်းလမ်းတစ်ရပ်အဖြစ် သတ်မှတ်ထားသည်။


အမေရိကန်နိုင်ငံ မြေယာစီမံခန့်ခွဲမှုဗျူရိုက ဧက တစ်သန်းနီးပါး ကျယ်ဝန်းသည့် ကုန်းမြေ ၂၂ နေရာတွင် ရေနံတူးဖော်ခွင့်ကို ရောင်းချလျက်ရှိပြီး ရေနံနှင့် ဓာတ်ငွေ့တူးဖော်ခွင့်သက်တမ်းမှာ  ၁၀ နှစ် ကြာမြင့်မည် ဖြစ်သည်။


KNT






အခြားဆက်စပ်သတင်းများ