နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုမြို့နှင့် ပတ်ဝန်းကျင်စီရင်စု ၃ ခုတွင် တစ်လကြာ အရေးပေါ်အခြေအနေ ကြေညာမည်

တိုကျို၊ ဇန်နဝါရီ ၇


ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် တိုကျိုမြို့နှင့် ပတ်ဝန်းကျင်စီရင်စု သုံးခုတွင် လာမည့်သောကြာနေ့မှစတင်၍ တစ်လကြာ အရေးပေါ်အခြေအနေ ကြေညာမည့် ဂျပန်အစိုးရ၏ အစီအစဉ်ကို အကြံပေးအဖွဲ့က အတည်ပြုခဲ့သည်။


ဇန်နဝါရီလ ၈ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်အထိ အရေးပေါ်အခြေအနေ ကြေညာမည့် အဆိုပြုချက်ကို ဇန်နဝါရီလ ၇ ရက် နံနက်ခင်းအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဟု စီးပွားရေးဝန်ကြီး နီရှီမူရာက ပြောသည်။ စည်းမျဉ်း ကန့်သတ်ချက်များမှာ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေများသည့် ဘားများ၊ စားသောက်ဆိုင်များတွင် ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။


ဂျပန်နိုင်ငံမှာ ကပ်ရောဂါကာလတွင် အခြားနိုင်ငံများနည်းတူ သက်ရောက်မှု ပြင်းထန်စွာ ခံစားခဲ့ရခြင်း မရှိသော်လည်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ်အနေဖြင့် တစ်ရက်တာ လူနာသစ်ပမာဏမှာ ၆၀၀၀ ကျော် ရှိခဲ့သည်။ ဇန်နဝါရီလ ၇ ရက်က တိုကျိုမြို့တွင် ပိုးတွေ့လူနာသစ် ၂၀၀၀ ကျော်ရှိခဲ့ပြီး စံချိန်သစ် တင်ခဲ့သည်ဟု NHK သတင်းဌာနက ဖော်ပြသည်။                                                                            


KNT






အခြားဆက်စပ်သတင်းများ