နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်ကို အားပေးသူများက လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လူလေးဦး သေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ ၇


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အားပေးသူများက လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်း ခဲ့ကြရာ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လူလေးဦး သေဆုံးခဲ့သည်။ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ရွေးကောက်ပွဲအနိုင်ရမှုကို အတည်ပြုရန် လွှတ်တော်နှစ်ရပ် အထူးအစည်းအဝေး ကျင်းပနေစဉ် ရွေးကောက်ပွဲရလဒ်ကို လက်မခံသူများက လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့သည်။


ထို့ကြောင့် လွှတ်တော် နှစ်ရပ်၏ အထူးအစည်းအဝေးကို ရပ်နားခဲ့ရပြီး လွှတ်တော်အမတ်များနှင့် မီဒီယာသမားများကို ဘေးကင်း လုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အမေရိကန်နိုင်ငံ၏ လွှတ်တော်အဆောက်အအုံ စီးနင်းခံရခြင်းမှာ ၁၈၁၄ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။


သမ္မတ ဒေါ်နယ်ထရမ့်က  National Mall တွင် ယင်းအပေါ် အားပေးသူများကို မိန့်ခွန်းပြောခဲ့ပြီး ရွေးကောက်ပွဲရှုံးနိမ်မှုကို ဘယ်တော့မှ လက်ခံမည်မဟုတ်ဟု ဆိုခဲ့ပြီးနောက် တစ်နာရီအကြာတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်က အကြမ်းမဖက်ကြရန် တွစ်တာပေါ်မှ ၂ ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့သော်လည်း ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု ထည့်သွင်းပြောကြားခဲ့ခြင်းကြောင့် ဖေ့ဘွတ်ခ်၊ တွစ်တာနှင့် YouTube တို့က ယင်း၏ဗီဒီယိုများကို ဖြုတ်ချခဲ့ပြီး တွစ်တာက ဒေါ်နယ်ထရမ့်၏အကောင့်ကို ၁၂ နာရီ၊ ဖေ့ဘွတ်ခ်က ၂၄ နာရီကြာ ပိတ်ခဲ့သည်။


အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင်များကို လွှတ်တော်အဆောက်အအုံရှိရာ ပို့ဆောင်ခဲ့ပြီးနောက် ဆန္ဒပြသူများ ကို လူစုခွဲနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ဆန္ဒပြသူ ၅၂ ဦး၊ ပစ္စတိုသေနတ်နှင့် ပြောင်းရှည်သေနတ်များအပါအဝင် သေနတ်၅ လက် သိမ်းဆည်းရမိခဲ့သည်ဟု ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့က ပြောသည်။                                    


KNT






အခြားဆက်စပ်သတင်းများ