နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငါးနှစ်စီးပွားရေးစီမံကိန်း ကျရှုံးခဲ့သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဝန်ခံ

ပြုံယမ်း၊ ဇန်နဝါရီ ၇


၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သည့် ယင်း၏ ငါးနှစ်စီးပွားရေးစီမံကိန်းမှာ ကဏ္ဍတိုင်းနီးပါးတွင် လျာထားချက် ကိုက်ညီခဲ့ခြင်းမရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဝန်ခံခဲ့သည်။ အာဏာရအလုပ်သမားပါတီ၏ ကြုံတောင့်ကြုံခဲ ညီလာခံဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောရာတွင် ကင်ဂျုံအန်က ယင်းကဲ့သို့ ဝန်ခံခဲ့ခြင်းဖြစ်သည်။


အလုပ်သမားပါတီသမိုင်းတစ်လျှောက် ညီလာခံကျင်းပခြင်း မှာ ရှစ်ကြိမ်မြောက်ဖြစ်ပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်ထောင်ပေါင်းများစွာမှာ နှာခေါင်းစည်း တပ်ဆင်ခဲ့ခြင်း မရှိပေ။ မြောက်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူမရှိဟု ဆိုခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြောက်ကိုရီးယားနိုင်ငံက နယ်စပ်များကို ပိတ်ခဲ့သည်။


ထို့ကြောင့် အိမ်နီးချင်းမဟာမိတ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကာ နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ ၈၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။ နျူကလီးယားစီမံကိန်းကြောင့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ ကြုံတွေ့နေသည့် မြောက်ကိုရီးယားနိုင်ငံ တွင် တိုင်ဖွန်းမုန်တိုင်းနှင့် ရေကြီးရေလျှံမှုများကြောင့် နေအိမ်များနှင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့သည်။


ကင်ဂျုံအန်က ယင်း၏အမှားများကို ဝန်ခံခြင်းမှာ ကြုံတောင့်ကြုံခဲမဟုတ်ပေ။ ကင်ဂျုံအန်အနေဖြင့် အလုပ်သမားပါတီ ညီလာခံတွင် ငါးနှစ်စီးပွားရေးစီမံကိန်းသစ်ကို ကြေညာဖွယ်ရှိသည်။                       


KNT






အခြားဆက်စပ်သတင်းများ