နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိကတိုက်အရှေ့ပိုင်းတွင် ရေကြီးရေလျှံ၍ လူ ၂၆၀ ကျော် သေဆုံး

မေ ၈၊ နိုင်ရိုဘီ

အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၆၀ ကျော် သေဆုံးခဲ့သည်။ ကင်ညာနိုင်ငံမှာ ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး သေဆုံးသူ ၁၉၄ ဦးရှိသည်ဟု အစိုးရက ကြေညာထားသည်။ ရဝမ်ဒါနိုင်ငံတွင် လူ ၅၅ ဦး သေဆုံးခဲ့ပြီး ဆိုမာလီနိုင်ငံတွင် လူ ၁၆ ဦး သေဆုံးခဲ့သည်။ ယူဂန်ဒါနိုင်ငံတွင် ရေမျက်နှာပြင် မြင့်တက်ခဲ့ခြင်းကြောင့် ဆေးရုံတစ်ခုအတွင်း ခန့်မှန်းခြေအားဖြင့် လူနာ ၂၀၀ ပိတ်မိခဲ့သည်။ အာဖရိကအရှေ့ပိုင်းနိုင်ငံများမှာ ကျိုင်းကောင်များ ကျရောက်ခြင်းနှင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုဒဏ်လည်း ရင်ဆိုင်ခဲ့ရသည်။

အချို့ဒေသများတွင် နေထိုင်သူများအနေဖြင့် အန္တရာယ်ဖြစ်နိုင်ခြေရှိ၍ ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် ကင်ညာအာဏာပိုင်များက တိုက်တွန်းထားသည်။ ကင်ညာနိုင်ငံတွင် ဧက ၈၀၀၀ ရှိသည့် ကောက်ပဲသီးနှံစိုက်ခင်းများနှင့် အဓိကကျသည့် အခြေခံအဆောက်အအုံအချို့ ရေစီးထဲ မျောပါခဲ့ကြောင်း အစိုးရက ပြောသည်။ ပုံမှန်အားဖြင့် ကင်ညာနိုင်ငံတွင် ဇွန်လမှသာ မိုးရာသီစတင်လေ့ရှိသော်လည်း မေလတစ်လလုံး ပုံမှန်မဟုတ်သည့် မိုးသည်းထန်စွာ ရွာသွန်းမှု ကြုံရလိမ့်မည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။       
                   
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ