နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကြောင့် အာဖရိကတိုက်တွင် လူ ၄၄ သန်း ကူးစက်ခံရနိုင်ပြီး လူ ၁၉၀၀၀၀ သေဆုံးနိုင်ဟု WHO သတိပေး

မေ ၈၊ ဂျီနီဗာ

အာဖရိကတိုက်နိုင်ငံများ၏ ကန့်သတ်ထိန်းချုပ်ရေးစည်းမျဉ်းများ မအောင်မြင်ခဲ့ပါက ကပ်ရောဂါ ဖြစ်ပွားသည့် ပထမဆုံးနှစ်အတွင်း အာဖရိကတိုက်တွင် လူ ၁၉၀၀၀၀ အထိ သေဆုံးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က သတိပေးထားသည်။ ပထမဆုံးနှစ်အတွင်း အာဖရိကတိုက်တွင် ရောဂါကူးစက်ခံရသူ ၂၉ သန်းမှ ၄၄ သန်းကြား ရှိလာနိုင်ပြီး ဆေးရုံတက်ရောက် ကုသရသူ ၅ ဒသမ ၅ သန်းအထိ ရှိလိမ့်မည်ဟု WHO က ခန့်မှန်းထားသည်။ အဆိုပါပမာဏမှာ အာဖရိကနိုင်ငံ အများစု၏ ကျန်းမာရေးစောင့်ရှောက်မှု အတိုင်းအတာထက် ကျော်လွန်နေသည်။ ပြီးခဲ့သည့်မတ်လက ကောက်ယူခဲ့သည့် စစ်တမ်းကောက်ယူမှုအရ အာဖရိကနိုင်ငံ ၄၇ နိုင်ငံတွင် လူတစ်သန်းအတွက် အထူးကြပ်မတ်ကုသရေး ခုတင် ၉ လုံးသာရှိကြောင်း တွေ့ရှိခဲ့သည်။

''အာဖရိကတိုက် နိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေက လက်ဦးမှုရယူပြီး ထိန်းချုပ်မယ့်ပုံစံမျိုး မချဉ်းကပ်ဘူးဆိုရင် COVID-19 ရောဂါက ကျွန်တော်တို့ဘဝထဲမှာ နှစ်ရှည်လများ ရှိနေဦးမှာပါ။ စမ်းသပ်မှု၊ ခြေရာခံမှု၊ သီးသန့်ခွဲခြားမှု၊ ကုသမှုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အာဖရိကတိုက်မှာ COVID-19 ရောဂါကူးစက်မှုက ကမ္ဘာ့တခြားဒေသတွေလောက် အရှိန်မကောင်းနိုင်ပါဘူး။ အဓိကကူးစက်တဲ့နေရာတွေမှာပဲ လူမသိသူမသိ ဖြည်းဖြည်းချင်းကူးစက်ဖွယ်ရှိပါတယ်''ဟု WHO ရဲ့ အာဖရိကတိုက်ဒါရိုက်တာ မတ်ရှီဒီဆိုမိုတီက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ