နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
One Plus Band စမတ်လက်ပတ်တွင် အသုံးပြုလာမည့် စနစ်များထွက်ပေါ်

ဇန်နဝါရီ ၆

One Plus က မကြာမီကာလအတွင်းမှာစမတ်လက်ပတ်တစ်ခုကြေညာရောင်းချလာမည်ဟု သတင်း ထွက်ပေါ် ခဲ့ဖူးပြီး ယခုအခါတွင် OnePlus Band မှာအသုံးပြုလာမည့် စနစ်များအပြင် ကြေညာလာမည့်ရက်နှင့် ဈေးနှုန်းတို့ ထွက်ပေါ်လာပြီဖြစ်သည်။

ယခုထွက်ပေါ်လာသည့် သတင်းအရ OnePlus Band မှာ၁ ဒသမ ၁လက်မ AMOLED Color Display သုံးလာမည်ဖြစ်ပြီးအားကစားလှုပ်ရှားမှု ၁၃ ခုကို Tracking လုပ်နိုင်မည်ဖြစ်သည်။
IP68 ရယူလာမည်ဖြစ်ပြီး ၁၄ ရက်ကြာအသုံးပြုနိုင်မည့် ဘက်ထရီပါဝင်လာမည်ဖြစ်သည်။ အိပ်ချိန် စောင့်ကြည့်စနစ် ပါဝင်လာမည့်အပြင် အချိန်ပြည့် နှလုံးခုန်နှုန်းတိုင်းတာနိုင်မည့်စနစ်လည်း ပါဝင်လာမည်ဖြစ် သည်။
One Plus Band ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ၁၁ ရက်တွင် ကြေညာလာမည်ဖြစ်ပြီးဈေးနှုန်းအနေဖြင့် ၃၃ ဒေါ်လာသတ်မှတ်ထားကြောင်းသိရသည်။

                                                                                            (သူရိန်)






အခြားဆက်စပ်သတင်းများ