နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung ၏ Smart device များတစ်ခုနှင့်တစ်ခုချိတ်ဆက်၍လုပ်ဆောင်နိုင်သော Smart Things application

ဇန်နဝါရီ ၆

Samsung ၏ Smart Things သည် ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရန်နှင့် ပိုမိုကောင်းမွန်သော နေထိုင်မှုတစ်ခုရရှိစေရန် အပြည့်အဝထောက်ပံ့ပေးနိုင်စွမ်းရှိသည်။  Samsung သည် မြန်မာနိုင်ငံရှိ အိမ်ထောင်စုများအတွက် ပိုမိုထိရောက်သော၊ အသိဉာဏ်မြင့်မားသော အဆင်ပြေချောမွေ့သော နေထိုင်မှု အတွေ့အကြုံရရှိရန်ရည်ရွယ်သည်။

အလုပ်နှင့် သင်ယူခြင်းမှစ၍ ကျန်းမာခြင်းနှင့် ဖျော်ဖြေရေးအထိ ကမ္ဘာ အနှံ့ရှိလူများသည် ၎င်းတို့၏နေ့စဉ်လှုပ်ရှားမှုများအတွက် ပိုမိုအဆင်ပြေလွယ်ကူသည့် နည်းလမ်းများကို နည်းပညာမှတစ်ဆင့် ရှာဖွေလာကြသည်။ Smart Things က နေအိမ်များတွင် ပိုမိုကောင်းမွန်ချောမွေ့စွာ အလုပ် လုပ်ကိုင်နိုင်ရန်အတွက် Samsung ၏ Smart device များတစ်ခုနှင့်တစ်ခုချိတ်ဆက်၍လုပ်ဆောင်နိုင်သော application တစ်ခု ဖြစ်သည်။ အဆင့်မြင့်ဆက်သွယ်မှုလုပ်ဆောင်ချက်များဖြင့် မဝေးသောအနာဂတ်တွင် အိမ်ထောင်စုများသည် အိမ်၌ရှိနေစဉ် ပိုမို ကောင်းမွန်သောဘဝ အရည်အသွေးနှင့်သက်သောင့်သက်သာ ရှိမှုကို မျှော်လင့်နိုင်သည်။ အဝတ်လျှော်စက်၊ မီးလုံး၊ ကော်ဖီစက် အစရှိသည့်အိမ်သုံးပစ္စည်းများသည် Smat Things application မှတစ်ဆင့် ထိန်းချုပ်နိုင်သည့်အပြင် Samsung ၏ ရွေ့လျားမှု အာရုံခံကိရိယာများ၊ ကင်မရာများ၊ ရှပ်တာများ (သို့မဟုတ်) အပူထိန်းကိရိယာများကိုလည်း Tablet (သို့မဟုတ်) smart phone ဖြင့် ထိန်းချုပ်နိုင်သည်။

Samsung မှ ဆန်းသစ်သောအိမ်သုံးပစ္စည်းများသည် အိမ်မှုကိစ္စများပြုလုပ်သည့်အခါ လွယ်ကူ ရိုးရှင်းစေရန် ပြုလုပ်ထားသည်။ အဝတ်လျှော်ရာတွင်လည်း မတူညီသောနည်းပညာသစ်ကိုရရှိ ခံစားနိုင် ရန်အတွက် Samsung Smart Washer ကို ဖုန်း၊ စမတ်တီဗီ၊ တက်ဘလက်၊ Family Hub တို့မှတစ်ဆင့် အသိပေးချက်များဖြင့် စမတ်အဝတ်လျှော်စက်ကို ချိတ်ဆက်နိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မိသားစုဝင်တိုင်း မည်သည့်လုပ်ဆောင်မှုမျိုးကိုဆို သတိပေးချက်ရှိနေသည့်အတွက် ဘေးအန္တရာယ် လည်း ကင်းဝေးစေသည်။

Samsung မှထုတ်လုပ်ထားသည့် နည်းပညာဆိုင်ရာအသုံးအဆောင်ပစ္စည်းများ ဖြစ်သည့် စမတ်မီးသီးများ၊ soundbar နှင့် QLED တီဗီများကို ဆက်သွယ်ထိန်းချုပ်နိုင်မည်ဖြစ်သည်။ Voice အထောက်အပံ့ကိုထည့်သွင်းထားသည့် Galaxy Phone ပေါ်ရှိ Bixby သည် Galaxy အိမ်တွင် မည်သည့် နေရာ၌မဆို အသံဖြင့်သုံးစွဲသူတို့၏ စမတ် device များကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ Samsung SmartThing သည် မည်သည့် device သို့မဟုတ် operating system နှင့်မဆို အဆင်ပြေမှုရှိစေရန် တည်ဆောက်ထားသည့် Cloud ဆက်သွယ်မှုကြောင့် အိမ်သုံးပစ္စည်းများအား ထိန်းချုပ်သောဘက်စုံအသုံးချနိုင်သည့် စနစ်တစ်ခု ဖြစ်သည်။

Samsung သည် Vocie support ကို ပေါင်းစည်းရန် Third Party များနှင့်လည်းဆောင်ရွက်သည်။ ဥပမာ Amazon နှင့် Alexa voice assistant ကို ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ၊ လေအေးပေးစက်များနှင့် robot ဖုန်စုပ်စက်များတွင် ထည့်သွင်းထားပြီး Google Home ကို Samsung ၏ robotic vacuum တွင် ပေါင်းစပ်ရန်ဖြစ်သည်။ Samsung သည်  Smart Home ကုမ္ပဏီ များနှင့်ပူးပေါင်းပြီး ဝန်ဆောင်မှုများတိုးချဲ့ရန်နှင့် SmartThings နှင့်လိုက်ဖက်သောကိရိယာများကို တိုးမြှင့်ခြင်း၊ နောက်ဆုံးပေါ် device အားလုံးကိုဆက်သွယ် ပေးသည့်ပြည့်စုံသော IoT ဂေဟာစနစ်ကို တည်ဆောက်ခြင်းကို အာရုံစိုက်ရန် စီစဉ်လျက်ရှိသည်။         

(WP)






အခြားဆက်စပ်သတင်းများ