နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မတ်လနောက်ပိုင်း အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ခံစားခွင့်လျှောက်ထားသူ ၃၃ သန်းကျော်ရှိ

မေ ၈၊ ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေရာ ပြီးခဲ့သည့်ရက်သတ္တပတ်က အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသည့် အမေရိကန်နိုင်ငံသား ၃ ဒသမ ၂ သန်း ရှိခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့်မတ်လနောက်ပိုင်း အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၃၃.၃ သန်းအထိ ရှိလာခဲ့သည်။ အဆိုပါပမာဏမှာ အမေရိကန်နိုင်ငံ လုပ်သားအင်အားစု၏ ၁၅ ရာခိုင်နှုန်းကျော်ရှိသည်။

ပြီးခဲ့သည့်မတ်လအတွင်း ရက်သတ္တပတ်တွင် အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၆ ဒသမ ၉ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ လျော့နည်းလာသော်လည်း ပုံမှန်အခြေအနေနှင့် နှိုင်းယှဉ်ပါက ထူးထူးခြားခြား များပြားနေဆဲဖြစ်သည်။ ပြီးခဲ့သည့်ဧပြီလအတွင်း အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းအထက် ရှိလာနိုင်သည်ဟု စီးပွားရေးပညာရှင်များက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်ရပြီးနောက် အမေရိကန်နိုင်ငံ၏ တိုးတက်မှုမှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ကိန်းဂဏန်းများ ကြုံတွေ့ခဲ့ပြီး လက်လီရောင်းချမှု အနည်းဆုံးစံချိန်၊ ရက်သတ္တပတ်တာ အလုပ်လက်မဲ့ဖြစ်ပွားမှု အများဆုံးစံချိန်များ တင်ခဲ့သည်။                   
                                                      
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ