နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမည်းအမျိုးသား ဂျက်ကော့ဘလိတ် ပစ်ခတ်ခံရသည့်ဖြစ်ရပ်အတွက် ရဲအရာရှိတစ်ဦးမျှ စွဲချက်တင်ခံရခြင်းမရှိ

ါရှင်တန်   ဇန်နဝါရီ    ၆


အမေရိကန်နိုင်ငံတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်စေခဲ့သည့် ဝစ်ကိုဆင်ပြည်နယ်မှ လူမည်းအမျိုးသား ဂျက်ကော့ဘလိတ်ပစ်ခတ်ခံရမှုအတွက် ရဲအရာရှိတစ်ဦးတစ်ယောက်မျှ စွဲချက်တင်ခံရမည်မဟုတ်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။


၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၃ ရက်တွင် လူမည်းအမျိုးသား ဂျက်ကော့ဘလိတ်က ယင်း၏ကလေးငယ်သုံးဦး ရှိနေသည့် ကားအတွင်းသို့ ဝင်ရန် ကြိုးပမ်းချိန်တွင် လူဖြူရဲအရာရှိ ရှက်စကီက ယင်း၏နောက်ကျောကို အချက်ရေများစွာ ပစ်ခတ်ခဲ့ရာ ခန္ဓာကိုယ်အောက်ပိုင်း အကြောသေခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် အမေရိကန် နိုင်ငံတွင် လူမျိုးရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။


ရက်ပိုင်းအကြာတွင် ကီနိုရှာမြို့၌ နောက်ထပ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး လူတစ်ဦး ဒဏ်ရာရခဲ့သည်။ ဂျက်ကော့ဘလိတ် ပစ်ခတ်ခံရသည့်ဖြစ်ရပ်အတွက် ရဲအရာရှိ ရှက်စကီကို ပြစ်မှုဆိုင်ရာ စွဲချက်တင်မည်မဟုတ်ဟု ကီနိုရှာကောင်တီခရိုင် အစိုးရရှေ့နေ ဂရာဗီလေးက ပြောသည်။           


KNT






အခြားဆက်စပ်သတင်းများ