နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် app ၈ ခုကို ပိတ်ပင်သည့် သမ္မတညွှန်ကြားချက်အမိန့်ကို ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

ါရှင်တန်   ဇန်နဝါရီ      ၆


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ် app ၈ ခုနှင့် လုပ်ငန်းဆောင်ရွက်ခွင့် ပိတ်ပင်သည့် သမ္မတညွှန်ကြားချက်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ app များတွင် နာမည်ကျော် ငွေပေးချေမှု ပလက်ဖောင်းဖြစ်သည့် Alipay နှင့် QQ Wallet ၊ WeChat တို့ ပါဝင်နေသည်။



၄၅ ရက်အတွင်း အကျုံးဝင်မည့် အဆိုပါအမိန့်အရ တရုတ် app များမှာ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ app များမှာ အသုံးပြုသူကို ခြေရာခံစောင့်ကြည့်နိုင်ပြီး အမေရိကန်ပြည်ထောင်စုဝန်ထမ်းများကို မှတ်တမ်းပြုစုထားနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။


''ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ တရုတ်နိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ app ဖန်တီးသူ ဒါမှမဟုတ် ထိန်းချုပ်ထားသူတွေကို အမေရိကန်နိုင်ငံက ပြင်းပြင်းထန်ထန် တုံ့ပြန်ရမယ်''ဟု အဆိုပါအမိန့်တွင် ဖော်ပြထားသည်။


ဒေါ်နယ်ထရမ့်မှာ တရုတ်အစိုးရနှင့် အချက်အလက်များ ဝေမျှအသုံးပြုနိုင်သည်ဟုဆိုကာ တရုတ်လုပ်ငန်းစုအများအပြားကို ပူးပေါင်းဆောင်ရွက်ခွင့် ပိတ်ပင်သည့် သမ္မတညွှန်ကြားချက်အမိန့် ထုတ်ပြန်ခဲ့သေးသည်။                                               


KNT






အခြားဆက်စပ်သတင်းများ