နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
KNT ဟောင်ကောင်မြို့တွင် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူ ၅၀ နီးပါးကို ဖမ်းဆီး

ဟောင်ကောင်    ဇန်နဝါရီ       ၆


အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်မြို့၏ အကြီးမားဆုံး နှိမ်နင်းမှုတစ်ရပ်အဖြစ် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမား ၅၀ နီးပါးကို ဖမ်းဆီးခဲ့သည်။ အဆိုပါဖမ်းဆီးမှုများမှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ကျင်းပခဲ့သည့် အတိုက်အခံမဟာမိတ်အဖွဲ့၏ ကနဦးရွေးကောက်ပွဲများနှင့် ဆက်နွှယ်နေသည်ဟု ဆိုသည်။


ရဲအရာရှိများက ဖမ်းဆီးခံ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဂျိုရှုအာဝမ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြပြီး ဥပဒေ လုပ်ငန်းစုတစ်ခုကို စီးနင်းခဲ့ကြသည်။ ထို့အပြင် သတင်းဌာနများအနေဖြင့်လည်း သတင်းအချက်အလက်များ လွှဲပြောင်းပေးအပ်ရန် ဖိအားပေးခဲ့သည်။ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးသည့်ဖြစ်ရပ်နှင့် ယခုကဲ့သို့ စီးနင်းရှာဖွေမှုများ ဆက်နွှယ်ခြင်း ရှိ၊ မရှိ တိတိကျကျ မသိရသေးပေ။ အဆိုပါလှုပ်ရှားမှုများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က တရားဝင် မှတ်ချက်ပေးခြင်းမရှိသေးပေ။


ဖမ်းဆီးခံရသူများတွင် အတိုက်အခံပါတီ၏ အကြိုရွေးကောက်ပွဲကို စတင်ကျင်းပသူများဖြစ်သည့် နာမည်ကျော် အတိုက်အခံခေါင်းဆောင်များ ပါဝင်ခဲ့ပြီး ဟောင်ကောင်မြို့တွင် လူ့အခွင့်အရေးရှေ့နေအဖြစ် ဆောင်ရွက်နေသည့် အမေရိကန်နိုင်ငံသားတစ်ဦးလည်း ထိန်းသိမ်းခံခဲ့ရကြောင်း ဒေသခံမီဒီယာက ဖော်ပြသည်။


KNT






အခြားဆက်စပ်သတင်းများ