နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဓမ္မမှုများတွင် အပျိုစင် ဟုတ်၊ မဟုတ် စစ်ဆေးမှုကို ပယ်ဖျက်ရန် ပါကစ္စတန်အထက်တရားရုံး ဆုံးဖြတ်

အစ္စလာမ်မာဘတ်   ဇန်နဝါရီ      ၆


အဓမ္မပြုကျင့်ခံရသည့်ဖြစ်ရပ်များတွင် အပျိုစင် ဟုတ်၊ မဟုတ် စစ်ဆေးမှုကို ပယ်ဖျက်ရန် ပါကစ္စတန်တရားရုံး၏ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး လှုပ်ရှားသူများက ကြိုဆိုခဲ့သည်။ ပန်ဂျပ်ပြည်နယ်တွင် ချမှတ်ခဲ့သည့် အဆိုပါအမိန့်ကြောင့် အပျိုမြှေး ပျက်စီးမှု ရှိ၊ မရှိ သိရရန် လက်နှစ်ချောင်း ထည့်သွင်းစစ်ဆေးသည့် လုပ်ရပ်ကို အဆုံးသတ်စေမည်ဖြစ်သည်။


အပျိုစင် ဟုတ်၊ မဟုတ် စစ်ဆေးမှုများမှာ အရှက်ရစေပြီး မှုခင်းဖြစ်စဉ်ကို အထောက်အပံ့ပေးနိုင်ခြင်းမရှိဟု လာဟိုရီအထက်တရားရုံး၏ တရားသူကြီး အေရှာမာလစ်က ပြောသည်။ အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပန်ဂျပ်ပြည်နယ်တွင် အသနားခံစာ ၂ ကြိမ် တင်သွင်းခဲ့ပြီးနောက် အထက်တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။                                            


 KNT






အခြားဆက်စပ်သတင်းများ