နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံက ရက်သတ္တပတ်အနည်းငယ်အတွင်း ပြည်ပနိုင်ငံများထံ ကာကွယ်ဆေး တင်ပို့မည်

နယူးဒေလီ    ဇန်နဝါရီ    ၆


အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်နေသည့် ကိုဗစ်ကာကွယ်ဆေးကို ရက်သတ္တပတ်အနည်းငယ်အတွင်း  ပြည်ပနိုင်ငံများထံ တင်ပို့ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။ အိန္ဒိယ ပြည်တွင်း ကာကွယ်ဆေးဝယ်လိုအား မြင့်တက်နေခြင်းကို ကာမိစေရန် ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို ပြည်ပ တင်ပို့ခွင့်ပိတ်ပင်မည်ဆိုသည့်သတင်းများကို အမည်မဖော်လိုသည့် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ငြင်းပယ်သွားခဲ့သည်။


အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်တွင် အသုံးပြုနေသည့် ကာကွယ်ဆေးများ၏ ၆၀ ရာခိုင်နှုန်း ထုတ်လုပ်ပေးနေပြီး နိုင်ငံအများအပြားက ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုများစတင်ရန် အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးတင်ပို့မှုကို စောင့်မျှော်လျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca တို့ ပူးပေါင်းဖော်စပ်သည့် ကာကွယ်ဆေး (Covishield)နှင့် အိန္ဒိယကုမ္ပဏီ Bharat Biotech က ထုတ်လုပ်တဲ့ ကာကွယ်ဆေး (Covaxin)ကို ဇန်နဝါရီလ ၃ ရက်က အရေးပေါ်အသုံးပြုခွင့်ပေးခဲ့သည်။


''ကာကွယ်ဆေး ထုတ်လုပ်မှုစတင်တာနဲ့ ၂ ပတ်အတွင်း အာရှတောင်ပိုင်း အိမ်နီးချင်းနိုင်ငံတချို့ကို ကာကွယ်ဆေးတွေ တင်ပို့ပေးမယ်။ တင်ပို့မှုတချို့ကတော့ လက်ဆောင်အနေနဲ့ ပေးမှာပါ။ တချို့ကျတော့ အစိုးရရဲ့ ဝယ်ရင်းဈေးနီးနီးလောက်နဲ့ ပေးမှာပါ။ အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေထံ ပေးထားတဲ့ ကတိကဝတ်ကို လုံးဝတည်အောင် စောင့်ထိန်းမှာပါ'' ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ပြောသည်။


အရေးပေါ်အသုံးပြုခွင့်ရရှိပြီး ၁၀ ရက်အတွင်း ကာကွယ်ဆေးများကို အကြီးအကျယ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန် ရာဂျက်ဘူရှန်က ပြောသည်။ အိန္ဒိယနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီနဲ့ မော်ရိုကိုနိုင်ငံများထံသို့ လာမယ့်ရက်သတ္တပတ်များအတွင်း သဘောတူညီချက်အတိုင်း ကာကွယ်ဆေး တင်ပို့ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း Covishield ကာကွယ်ဆေးထုတ်လုပ်နေသည့် Serum Institute of India ၏ အကြီးအကဲ ပိုနာဝါလာက ပြောသည်။               


KNT






အခြားဆက်စပ်သတင်းများ