နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်​တော် လှည့်ကင်းတာဝန်ထမ်း​ဆောင်​နေစဉ် ဘက်ထရီအိုးခိုးယူလာသူကိုဖမ်းဆီး

နေပြည်​တော် မေ ၈

ပြည်​ထောင်စုနယ်​မြေ ​နေပြည်​တော် ဇမ္ဗူသီရိမြို့နယ်တွင် ​မေလ(၆)ရက် နံနက်(၄)နာရီခွဲအချိန်က ရကစ(၄)မှူး ဒုရဲအုပ်​အောင်သူလှိုင်သည် အမှတ်(၅)နယ်​မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ရကစ(၄)မှ တပ်ဖွဲ့ဝင်များ၊​ဇေယျသိဒ္ဓိရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးဝင်း​ဇော်၊​ နေပြည်​တော်မြို့မ​ဈေးမှ စည်ပင်ည​စောင့် ဝန်ထမ်း ဦးမောင်ကြိုင်တို့နှင့်အတူ မြို့မ​ဈေးဝန်းကျင်တွင် လှည့်ကင်းတာဝန်ထမ်း​ဆောင်​နေစဉ် မြို့မ​ဈေးကုန်စိမ်းနှင့်သားငါးရုံအနီး လမ်းမ​ပေါ်တွင် ညီညီ(ခ)ချစ်စမ်း​မောင်(၃၂)နှစ်(ဘ)ဦး​ကျော်သန်း (ကျပန်း အလုပ်လုပ်ကိုင်၊ အမှတ်မရှိ၊ ဇီးကုန်းရပ်ကွက်၊​ ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်း​ဒေသကြီး)အား မသင်္ကာဖွယ် အဖြစ် NEDAR အမျိုးအစား အဖြူ​ရောင် ၅၀ ဘက်ထရီအိုးတစ်လုံး၊ Panasonic အမျိုးအစား အဖြူ​ရောင် ဘက်ထရီအိုးတစ်လုံးတို့နှင့်အတူ ​တွေ့ရှိခဲ့သည်။

ဘက်ထရီအိုးနှစ်လုံးနှင့်ပတ်သတ်၍ စစ်​ဆေး​မေးမြန်းရာ ပိုင်ဆိုင်​ကြောင်း အ​ထောက်အထားခိုင်လုံစွာ ​ပြောပြနိုင်ခြင်းမရှိဘဲ ဤမြို့နယ် (သို့မဟုတ်) အခြားမြို့နယ်များမှ ခိုးယူလာ​သော ပစ္စည်းများဖြစ်နိုင်သည်ဟု မသင်္ကာ​သော​ကြောင့် ညီညီ(ခ)ချစ်စမ်း​မောင်(၃၂)နှစ်(ဘ)ဦး​ကျော်သန်း ​ရွှေပြည်သာမြို့နယ် ​နေသူအား နေပြည်​တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)နယ်မြေရဲစခန်းမှ (ပ)၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့်၅၄ဖြင့် အမှုဖွင့် အ​ရေးယူထား​ကြောင်း သိရသည်။

သတင်း-မင်းရဲမာန်၊ခင်​ဇော်(မင်္ဂလာ)






အခြားဆက်စပ်သတင်းများ